ဗဟုသုတ

နေမကောင်းဖြစ်နေတဲ့ မိခင် ဖြစ်သူ အ တွက် မုန့်ဖက် ထုပ် ရောင်းပြီး ရှာကျွေးနေတဲ့ (၁၁)နှစ်အရွယ် ကလေးငယ်

နေမကောင်းဖြစ်နေတဲ့ မိခင် ဖြစ်သူ အ တွက် မုန့်ဖက် ထုပ် ရောင်းပြီး ရှာကျွေးနေတဲ့ (၁၁)နှစ်အရွယ် ကလေးငယ်

လက်ရှိမှာ ကြုံတွေ့နေကြရတဲ့ အခြေအနေအမျိုးမျိုးကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးအပြင် အသက်ရှင်သန်ဖို့ အတွက်တောင် အတော် လေး ရုန်းကန် နေ ကြ ရ တာ ဖြစ် ပါ တယ်။ကို ဗစ် ကပ်ရောဂါဆိုးကြောင့် အများ ပြည်သူတွေမှာ ကူးစက် ရောဂါ ရင်ဆိုင်ခံစားနေကြရတဲ့အချိန် မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ စီးပွားရှာ လုပ်ကိုင် စားသောက် နေကြ ရတာ တွေ လည်း ရှိကြ ပါတယ်။

အခု တစ်ခါမှာလည်း ကပ်ရောဂါ အန္တရာယ်တွေ ကြားက (၁၁)နှစ်အရွယ် ကလေးငယ် လေးဟာ မိခင် ဖြစ်သူ နေမကောင်းတဲ့ အ တွက် အ ရွယ်လေးနဲ့ မ လိုက် အောင် မုန့် ဖက် ထုပ် ရောင်းကာ ရုန်းကန်ကြိုး စားနေ ရတာ တွေ့ရ ပါ တယ်။(၁၁) နှစ် အရွယ် အဆိုပါ က လေးငယ် လေးဟာ မြောက်ဒဂုံ၊ ပင်လုံ လမ်းမကြီး ဘက်မှာ ညနေပိုင်းအမြဲ စက်ဘီးလေးနင်းကာ မုန့်ဖက် ထုပ် ရောင်းနေတာ တွေ့ရ ပါတယ်။

(၁၁)နှစ်ပြည့်မယ့် မနက်ဖြန် မွေးနေ့လေးမှာ ကိတ်မုန့် လေးခွဲ ကြာဇံကြော်လေးစားချင် ပေမယ့် အမေက ဖျားနေ တာ ကြောင့် ဒီ နှစ်မှာတော့ ကိတ်မခွဲပါနဲ့ တော့သားရယ် ဆိုလို့ ကိုယ်တိုင် စက်ဘီးစီး ဈေးထွက် ရောင်းနေရတာ ပဲဖြစ်ပါတယ်။

သူ့အရွယ်လေးနဲ့ စက်ဘီးက ကြီးပြီး လမ်းက ရေချိုင့်ကလည်းမြင့်တာကြောင့် ကိုယ်လုံးသေးသေးနဲ့ မှောက် တော့ မလို ဖြစ် နေ တာကြောင့် ကိတ် လေးခွဲပါ စေတော့ ဆို ပြီး ပိုက်ဆံ လေးနဲ့ Mask တစ်ထုပ် ပေးခဲ့တာကို ဈေးဦးပေါက်လို့ ပျော်နေ ရှာ တယ် လို့ စေ တ နာရှင်ပြည်သူတစ်ဦးက ကရုဏာသက်စွာ ပြောပြ ထားပါသေးတယ်။