ဗဟုသုတ

အနံ၊ အရသာ ပျောက်ဆုံးနေသူများအတွက်

အနံ့၊အရသာ ပျောက်ဆုံးနေတာ COVID ကြောင့်လား ?

သာမန် ရာသီတုပ်ကွေး သို့အဖျားကြောင့်လည်း အနံ့ခံအာရုံပျက်ဆီး တတ်ပါတယ်၊ Covid Symptoms မှာလည်းအသက်ရူလမ်းကြောင်းဆိုင်ရာအဓိကတိုက်ခိုက်တာကြောင့် အနံ့၊အရသာ မရတဲ့ရောဂါလက္ခာပါနေတော့ လူတွေကကြောက်လန့်နေရတာပါ။

တစ်ခြားသော သာမန် အအေးမိဖျားနာ ခြင်းနှင့်ရာသီတုပ်ကွေးအမျိုးမျိုးကြောင့်လည်း 70% အနံ့၊အရသာပျောက်ဆုံးနိုင်ပါတယ်။
အနံ၊အရသာ ဘလိုပြန်ရနိုင်မလဲ ?

လူအများစုဟာ အနံ၊အရသာကြောင့် ဆေးဝါးများကိုရှာဖွေနေကြပါတယ်၊ ဒီအတွက်သီးသန့်ထုတ်ထားတဲ့ဆေးလည်းမရှိပါဘူး၊ အနံ့ အာရုံခံအကြောလေးတွေဟာ ရောဂါပိုးတိုက်စားကပ်တွယ် မူကြောင့်မှေးမှိန်သွားတာဖြစ်ပီး ပြန်လည်တည်ဆောက်ဖို့အချိန်ယူရပါတယ်။

Olfactory Training

(အနံ့ခံဆဲလ်အကြောအား လေ့ကျင့်ခြင်း)

ဒီအချက်လေးကတော့ ဦးနှောက်နဲ့ နှာခေါင်းကြားက ဆက်သွယ်ချိတ်ဆက်နေတဲ့ Olfactory Nerves လို့ခေါ်တဲ့ အနံ့ခံအာရုံဆဲလ်လေးတွေကို လေ့ကျင့်ပေးတာပါ၊

အနံ့ပျောက်ဆုံးနေသူများအတွက် ပြင်းထန်သောအနံ့ထွက်အရာများကို ရူရိုက်လေ့ကျင့်တာကိုခေါ်တာပါ။

မတူညီတဲ့ အနံ့ လေးမျိုးလောက်ကို ၁၅ စက္ကန့် လောက် ရူရိုက်လေ့ကျင့်ပေးပါ။

ယေဘူယျ အားဖြင့် လိမ္မော်သီးအခွံနံ့၊ လေးညှင်းအနံ့၊ ပန်းရနံ့ ၊ အစားအစာအနံ့များ ထိုသို့မတူညီတဲ့အနံ့လေးမျိုးလောက်ကို ၁၅ စက္ကန့်လောက် ခြားပီးရူရိုက် လေ့ကျင့်ပေးပါ။

(အကြာကြီးမလို နာရီ၀က်လောက်ပဲလေ့ကျင့်ပါ၊ အနံ့ပြေပြေလေးပြန်ရသည်အထိ ၁ ပတ်၊ ၂ပတ် အထိထိုသို့ လေ့ကျင့်ပေးပါ။)

မနက်ပိုင်း လေကောင်းလေသန့်ရတဲ့နေရာမှာ အသက်ရူလေ့ကျင့်ခန်း(သို့) အသက်၀၀ ရူသွင်း၊ရူထုတ် ၅ မိနစ် ၁၀ မိနစ်လောက်လုပ်ပါ၊ ပီးလျှင် ရေနွေးငွေ့ကို ရူပါ။

အရသာအတွက်ကတော့ ခုနအနံ့အာရုံခံလိုပဲ

အနံ့မရှိ၊အရသာမရတော့ဘာစားစား စား၀င်မှာမူတ်ပါဘူး အာ့တော့မဖြစ်မနေပုံမှန်အတိုင်းသာ စားပေးပါ။

Vitamin C ၊ Zine ပါတဲ့အစားအစာတွေစားပေးပါ (နာနတ်သီး၊လိမ္မောသီး၊ပန်းဂေါ်ဖီ၊ငရုပ်သီးတောင့်၊ အာလူး တို့ဟာ Vitamin C ကြွယ်၀စွာပါပါတယ်)

(ထောပတ်သီး၊ ပဲအမျိုးမျိုးနှင့် ပုဇွန်၊ မှို တွေဟာလည်း Zinc ဓာတ်တွေပါ၀င်ပါတယ်)

Vitamin C ပါဆေးဖြစ်ဖြစ် Zinc ဓာတ်ပါဆေးဖြစ်ဖြစ် တစ်နေ့ တစ်ကြိမ်သောက်ပေးပါ။

ကိုယ်ခံအားမြင့်တက်စေရန်အတွက် အထောက်အကူဖြစ်စေပါတယ်၊ ဖော်ပြထားသလို အရသာမရှိလည်း အစားအသောက် ပုံမှန်စားပါ ရက်သတ္တပတ် နေရင်ပြန်ကောင်းလာမှာပါ။

အနံ့၊အရသာမရတာဘယ်လောက်အထိကြာမလဲ။

ဖော်ပြသလို Olfactory Nerves (အနံ့ခံအာရုံ)ဆဲလ်လေးတွေပြန်လည် လည်ပတ်တည်ဆောက်နေချိန် ယေဘူယျအားဖြင့် သုံးပတ် လောက်အထိကြာတတ်ပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် အနေအထိုင်၊ ကိုယ်ခံအားစနစ်ကို လိုက်ပီးတော့ အချိန်ကာလမတူနိုင်ပါဘူး၊ တစ်ချို့က ၄, ၅ ရက်နဲ့ပြန်ရပီး တစ်ချို့ကတစ်ပတ်ကျော်(သို့) သုံးပတ် လောက်မှ ပြန်ရနိုင်ပါတယ်။

စိတ်မပူကြပါနဲ့၊ သီးခံပီးအားရှိဖို့လိုပါတယ်။

ကိုယ်ခံအား ကောင်းအောင်နေပီး၊ အစားအသောက်သာမပျက်စေပါနဲ့၊ အချိန်မှန်အိပ်ကြပါ။

အချိန်တစ်ခုရလာရင် အရင်လိုပုံမှန်ပြန်ကောင်းသွားမှာပါ။ 🙏