ဗဟုသုတ

အင်းစိန် ထောင်တွင်းသပိတ်ဦးဆောင်သူ‌တွေ တိုက် ပိတ်ခံထားရ

ရန်ကုန်၊ ဇူလိုင် ၂၄

အင်းစိန်ထောင်တွင်း အကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်ရေး သပိတ်မှာ ဦးဆောင်ပါဝင်သူ တချို့ကို တိုက်ပိတ်ထားတယ်လို့ သိရှိရပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ အင်းစိန်ထောင်တွင်းဆန္ဒပြမှုကြောင့် ကိုအေးအောင်၊ ကိုနိုင်ဇော်တို့နဲ့အတူ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုး အင်းစိန်ထောင်မှာ တိုက်ပိတ်ခံထားရတယ်လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဆစ်နိုင် ကိုတော့ ဆေးရုံတင်ထားသလား၊ တိုက်ပိတ်ထားတာလားဆိုတာကိုတော့ မသိရှိရသေးပါဘူးလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ က သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဓာတ်ပုံ – အင်းစိန် ထောင်တွင်း သပိတ် မှာပါဝင်တဲ့ ၊ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုး၊၉၆ မျိုးဆက်ကျောင်းသား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုအေးအောင် နဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဆစ်နိုင်