News

” ရွှေကျင်ကျောင်းသစ် ဆရာတော် သံဃာတော်များကို ကိုဗစ် စစ်ဆေးပေးခဲ့တဲ့ ပိုးကြာဖြူခင် တို့ သားအမိ”

ဒီနေ့ ကျမတို့ သားအမိ ၂ ယောက် ရဲ့ ကျန်းမာရေး လုပ်အားပေး အလှူ 🙏🏻❤️ ကျမ အမေ သူနာပြု ဆရာမကြီးနဲ့ အတူ ဗဟန်း ရွှေကျင်ကျောင်းသစ်ရှိ ဆရာတော် သံဃာတော်များနှင့်တကွ ဘုန်းကြီးကျောင်းရှိ သူများအားလုံးကို ကိုဗစ် ရှိ မရှိ စစ်ပေးခဲ့ပါတယ်

အောက်စီဂျင်လိုအပ်နေတဲ့ ဆရာတော်ကြီး အတွက်လဲ အမြန်ဆုံး ရှာပေးနေပါတယ် 🙏🏻 Covid test ကိုတော့ Made in Korea VERI-Q Mico Biomed တံဆိပ် သုံးပါတယ် 🥰 Test kit ဝယ်လိုသူများ Pk’s Collections မှာ ဆက်သွယ်ဝယ်ယူလို့ရပါတယ်

ဘုန်းကြီးကျောင်းများ ၊ သီလရှင်ကျောင်းများ ၊ ပရဟိတ အသင်းများ ၊ ပရဟိတ ဂေဟာများ အနေနဲ့ ကိုဗစ်စစ်ဆေးလိုလျှင် ဆက်သွယ်ပေးပါ test kit များကို လက်ကားစျေးအတိုင်း စျေးလျှော့ပြီး ရောင်းပေးပါမယ် ကိုယ်တိုင်လဲ အခမဲ့ လိုက်စစ်ပေးပါမယ်ရှင့် 🙏🏻 အားလုံးပဲ ကိုဗစ်အန္တရာယ် မှ လွတ်မြောက်ကြပါစေ 🙏🏻🙏🏻🙏🏻

မှတ်ချက် ။ ။ ရုတ်တရက် ချက်ချင်းသွားလိုက်ရတာမို့ PPE ဝတ်မသွားမိတာပါရှင် 🙏🏻 ကိုယ်တိုင်လဲ positive ဖြစ်ပြီး အခု ပြန်ကောင်းသွားတာမို့ antibody လဲ ထွက်ထားပြီးသားပါ Negative ဖြစ်ပြီး antibody ထွက်ပြီ ဆိုတာကိုလဲ အထပ်ထပ်လဲ ပြန်လည် စစ်ဆေးပြီးပါပြီ စိတ်ပူပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်

အရေးပေါ် PPE လဲ ရှာမရလို့ပါ ဝယ်လို့ရမယ့် နေရာလေးတွေရှိရင်လဲ ပြောပြပေးဦးနော် 🙏🏻 လို့ သူမရဲ့ FB မှာ ရေးသားခဲ့ပါတယ် ။