News

“မန္တလေးက နိုင်ငံကျော် ထပ်ဆင့်အကယ်ဒမီဆိုင်းဆရာကြီးစိန်မွတ္တား ကွယ်လွန်”

နိုင်ငံကျော် ဆိုင်းဆရာကြီး ဂီတစာဆို ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တားဟာ ဇူလိုင်၂၄ရက် နံနက်၈နာရီခန့်က မန္တလေးမြို့တော်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တားဟာ ပန်းဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကား၊ကိုးဆယ်ဆ သာလိမ့်မယ် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရှပ်ရှင် အကယ်ဒမီ ဂီတဆုတွေရရှိခဲ့ပါတယ်။

ဖခင် ဦးဘသောင်း၊မိခင် ဒေါ်သောင်းကြည်တို့က ၁၃၁၄ခုနှစ်၊ဝါခေါင်လဆန်း ၂ရက်၊မန္တလေးမြို့မှာ မွေးဖွားခဲ့ပါတယ်။မွေးချင်းမောင်နှမ ၈ယောက်အနက် ဒုတိယမြောက်သားလည်းဖြစ်ပါတယ်။အသက် ၁၄နှစ်အရွယ်ကနေစတင်ပြီး မြန်မာ့ဆိုင်းပညာသင်ကြားခဲ့ပြီး နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ ဆို၊က၊ရေး၊တီး ပြိုပွဲတွေမှာလည်း ဆုတံဆိပ်ပေါင်းများစွား ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ထပ်ဆပ်အဆင့် အကယ်ဒမီ စိန်မွတ္တားဟာ နာမည်ကြီး တေးသီးချင်းပေါင်းများစွာ ရေးသားခဲ့ပြီး မျိုးဆက်သစ် မြန်မာ့ဆိုင်ပညာရှင်တွေကိုလည်း များစွာ မွေးထုတ်ပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။

အမျိုးသား၊ယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)မှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။