ဗဟုသုတ

ဒီကနေ့ဟာဆိုရင် ပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်(ချစ်သက်)ရဲ့ ၃၉ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်နော်။







ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

ပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေးသက်မွန်မြင့်ဟာဆိုရင် ပီပြင်ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ရုပ်တိုင်းကိုအံဝင်ဂွင်ကျဖြစ်အောင်သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်နော်။

ပရိတ်သတ်တွေရဲ့အချစ်တော် ချစ်သက်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေရိုက်နေသလိုအိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့်က အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

ချစ်သက်ဟာဆိုရင် သူမကိုအရမ်းချစ်မြတ်နိုးတန်ဖိုးထားတဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကိုပုံဖော်နိုင်ခဲ့တာပဲဖြစ်ပါတယ်နော်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့အတွက် ပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံခဲ့ရပါသေးတယ်နော်။သို့သော်လည်း ပရိတ်သတ်တွေရဲ့မေတ္တာပို့သမှုကြောင့် ပုဒ်မ၅၀၅(က)ကနေ အမှုရုပ်သိမ်းခံခဲ့ရတာတဲ့အတွက် သက်မွန်ကိုချစ်တဲ့ပရိတ်သတ်တွေ ပျော်ရွှင်ခဲ့ရပါတယ်နော်။

ဒီကနေ့ဟာဆိုရင် ပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်(ချစ်သက်)ရဲ့ ၃၉ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်နော်။

Happy Birthday ပါသက်မွန်ရေ မွေးနေ့မှစပြီး နောင်နှစ်တစ်ရာတိုင် ချစ်တဲ့မိသားစု ချစ်တဲ့ပရိတ်သတ်တွေနဲ့အတူ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ထပ်မံရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။သက်မွန်ကိုချစ်တဲ့ ပရိတ်သတ်တွေကလည်း သက်မွန်အတွက် မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါအုံးနော်။

ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကေျးဇူးတင်ရှိပါတယ်။