News

“လင်မယား(၂) ယောက် အကူအညီလိုနေတယ်ဆိုလို့ လာကယ်တာ. . .ကျနော်တို့ နောက်ကျသွားတယ်ဗျာ. . “

တာမွေမြို့နယ်မှာ ဇနီးမောင်နှံနှစ်ဦး ကိုဗစ်ကူးစက်ခံရပြီး တိုက်ခန်းအတွင်း သေဆုံးနေ ။

ဇူလိုင် ၊ ၂၃ ၊ ၂၀၂၁ ။

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ မြို့သစ်(၁)လမ်းမှာရှိတဲ့ နေအိမ်တိုက်ခန်းတစ်ခုမှာ ကိုဗစ်ကူးစက်ပြီး အကူအညီလိုအပ်နေတဲ့ သတင်းရရှိလို့ ပရဟိတအဖွဲ့တွေက သွားရောက်ခဲ့ပေမယ့် ဇနီးမောင်နှံနှစ်လုံးသေဆုံးလျှက်တွေ့ရှိရတယ်လို့ လူမှုကူညီရေးအဖွဲ့ဆီကသိရပါတယ်။

” စိတ်မကောင်း ဘူး၊ အချိန်မမီ တော့ဘူး လင်မယား နှစ်ယောက်စလုံး အသက်မရှိတော့ဘူး” လို့လူမှုကူညီစောင့်ရှောက်ရေး အဖွဲ့ ကိုဝင်းနိုင် ( တာဝန်ခံ)က သူ့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။

Photo-လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့

Zawgyi


ဇူလိုင် ၊ ၂၃ ၊ ၂၀၂၁ ။


