News

“အင်းစိန်ထောင်တွင်း ဆန္ဒပြသူတွေနဲ့အတူ ရပ်တည်ကြောင်း သံပုံးတီးဆန္ဒပြကြတဲ့ ရန်ကုန်မြို့ထဲက ပြည်သူတွေ”(ရုပ်သံ)”

မဇ္ဈိမ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား သီးသန့်ဆောင်မှာ ဒီကနေ့ မနက် ၈ နာရီက တောင်တွင်း ဆန္ဒပြမှု စတင်ခဲ့ပြီးနောက် နေ့လည်ပိုင်းမှာတော့ ရန်ကုန်က မြို့နယ်တချို့မှာ စစ်အာဏာရှင်ဆန့် ကျင်ရေး သံပုံးတီး သပိတ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အကျဉ်းထောင်အတွင်း တိုက်ပွဲဝင်နေကြတဲ့ ထောင်ထဲက ရဲဘော်တွေအတွက် ဒီနေ့ ည ၈ နာရီမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးသပိတ် ပြိုင်တူပြုလုပ်ကြဖို့ လူမှုကွန်ရက်ပေါ်မှာ မျှဝေထားကြတာ တွေ့ရပါတယ်။

ရုပ်သံကြည့်ရန်

အင်းစိန်ထောင်တွင်းမှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့ပွားနေတာ၊ အကျဉ်းသားတွေကို လွှတ်ပေးရာမှာ တန်းတူညီမျှမှု မရွေးချယ်တာနဲ့ ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းမှုတွေကြောင့် ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၈ နာရီမှာ နိုင်ငံရေးအကျဉ်းသားတွေက ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Video – (ဇူလိုင်လ ၂၃ ရက် နေ့လည်ပိုင်း သံပုံးတီးသပိတ်မြင်ကွင်း) -CJ