Uncategorized ဗဟုသုတ

ဝန်ထမ်းတွေကို အတိုးမဲ့ (၂) လစာ ချေးငွေ၊အိမ်ငှားခ နဲ့ လစာ အပြင် ဆန်အိတ်တွေပါ ထောက်ပံ့ပေးတဲ့ အလုပ်ရှင်

ဝန္ထမ္းေတြကို အတိုးမဲ့ (၂) လစာ ေခ်းေငြ၊အိမ္ငွားခ နဲ႕ လစာ အျပင္ ဆန္အိတ္ေတြပါ ေထာက္ပံ့ေပးတဲ့ အလုပ္ရွင္

ဒီအခ်ိန္မွာ အိမ္မွာ ေနတဲ့ ဝန္ထမ္းတခ်ိဳ႕ကလြဲရင္ ကိုယ့္ဝန္ထမ္းေတြကို အလုပ္မဆင္းခိုင္းေပမယ့္ ေထာက္ပံ့ရိကၡာနဲ႕ ထိုက္သင့္တဲ့ လစာေပးထားခဲ့တယ္ ။

ဒါေပမယ့္ တခ်ိဳ႕ဝန္ထမ္းေလးေတြရဲ႕ တျခားမိသားစုဝင္ေတြ အရင္လို အလုပ္အကိုင္ေတြ အဆင္မေျပၾကေတာ့တာ ၾကားမိတယ္ ။

တခ်ိဳ႕ဝန္ထမ္းေတြရဲ႕ မိသားစုဝင္ေတြမွာ Taxi ဆြဲတဲ့သူရွိတယ္။ တခ်ိဳ႕က ေဈးဆိုင္ဖြင့္ထားတယ္။ တခ်ိဳ႕က စာသင္တယ္။တခ်ိဳ႕က ေက်ာင္းကားဆြဲတယ္ . စသျဖင့္ေပါ့။ ဒါေပမယ့္ ဒီကာလမွာက တခ်ိဳ႕အလုပ္အကိုင္ေတြက . ဝင္ေငြနည္းသြားတယ္ . တခ်ိဳ႕က ဝင္ေငြ လုံးဝ မရွိေတာ့ဘူး။

လစာအရမ္းေကာင္းၾကတဲ့ ဝန္ထမ္းေတြမဟုတ္ရင္ အိမ္တစ္အိမ္မွာ ကေလးငယ္ေတြကလြဲၿပီး မိသားစုဝင္အကုန္လုံးနီးပါး အလုပ္လုပ္မွ အဆင္ေျပမယ့္ ကာလမို႔ အခုခ်ိန္ ေတာ္ေတာ္မ်ားမ်ားအဆင္မေျပဘူး။Lady Grace Diamond Land က ရတဲ့လစာနဲ႕ ေထာက္ပံ့ရိကၡာေၾကာင့္ . စားစရိတ္ မပူရေပမယ့္ အိမ္ငွားေနတဲ့သူေတြအတြက္ အိမ္ငွားခ ပူရနိုင္တယ္။

ကေလးအငယ္ေလး ရွိသူေတြအတြက္ နို႔မႈန႔္ဖိုး၊ သက္ႀကီး႐ြယ္အို အမိအဖရွိသူေတြအတြက္ ေဆးဖိုး ၊ စတဲ့ တျခား ကုန္က်စရိတ္ေတြအတြက္ ေငြလိုနိုင္တယ္လို႔ ေတြးမိတယ္။ဒါေၾကာင့္ ဝန္ထမ္းတစ္ဦးစီကို သူတို႔ရသင့္တဲ့ လစာနဲ႕ ေထာက္ပံ့ရိကၡာအျပင္ ၂ လစာ ေခ်းေငြကိုပါ ထုတ္ေခ်းခဲ့တယ္ ။

လုံးဝ အတိုးမဲ့ပါ ။ လုပ္ငန္းေတြ ပုံမွန္ ျပန္လည္ပါတ္တဲ့အခ်ိန္ေရာက္မွ လစဥ္ ခြဲၿပီး ဆပ္႐ုံပါ။ ဒီလို လုပ္ေပးဖို႔က အမ်ားႀကီး စဥ္းစားရပါတယ္ ။အထူးသျဖင့္ ဒီလို ကာလမွာပါ ။

ဝန္ထမ္းေတြအေနနဲ႕ ေခ်းေငြက တစ္ေယာက္ကို ၂ လစာပဲ ရတာဆိုေပမယ့္ ဝန္ထမ္းအားလုံးကို ေပးရတဲ့ ဆိုင္အေနနဲ႕က သိန္းရာနဲ႕ခ်ီတယ္ေလ ဒါေတာင္ Video ထဲမွာ . နယ္ျပန္သြားတဲ့ ဝန္ထမ္းေတြနဲ႕ ပန္းတိမ္ဆရာေတြ မပါေသးဘူး။

အရင္က Online ေရာင္းအားအျပင္ ဆိုင္ ၂ ဆိုင္စာ ေရာင္းအားရွိေနေတာ့ ဝင္ေငြပိုေကာင္းတယ္ ။ ဒါေပမယ့္ အခုက Online ေရာင္းအားပဲ ရွိတာေၾကာင့္ ဝင္ေငြက အရင္နဲ႕စာရင္ . ၃ ပုံ ၁ ပုံပဲ ရွိတယ္။ဒါေပမယ့္ ကိုယ့္ထက္ ပိုခက္ခဲနိုင္မယ့္ ဝန္ထမ္းမိသားစုေတြကို စဥ္းစားမိၿပီး ဒီအစီအစဥ္ေလး လုပ္ေပးျဖစ္ခဲ့တာပါ ။

ဒီလိုအၾကပ္အတည္းကာလမွာ မထင္ထားခဲ့တဲ့ ဝန္ထမ္းကေလးေတြစီက မမတို႔နဲ႕အတူ အခက္အခဲကာလကို . အတူတူျဖတ္ေက်ာ္မယ္ဆိုတဲ့ စိတ္ေလးေတြ ေတြ႕ရလို႔ ေက်နပ္မိတာေတာ့ အမွန္ပါ ။တခ်ိဳ႕ဝန္ထမ္းေလးေတြက . လစာေရာ . Bonus ေရာ ရတာမို႔ ေငြမလိုေသးလို႔ ေခ်းေငြ မယူေတာ့ ပါဘူး. အစ္ကိုနဲ႕မမတို႔ ကုန္က်တာေတြ အရမ္းမ်ားတာ သိလို႔ပါ ဆိုတဲ့သူေတြေတာင္ ရွိတယ္ ။

ဘာပဲ ျဖစ္ျဖစ္ သူတို႔ေလးေတြ ေပ်ာ္ေနတာေတြ႕ေတာ့ ေက်နပ္ရပါတယ္။ တစ္ခ်ိဳ႕ဝန္ထမ္းေလးေတြဆို ရတဲ့ေငြ စုစုေပါင္းက သိန္းဆယ္ဂဏာန္းအထက္ ငွက္တစ္ေသာင္းနားနိုင္တဲ့ သစ္ပင္ေကာင္းတစ္ပင္ မျဖစ္နိုင္ေသးေပမယ့္

ကိုယ့္ပါတ္ဝန္းက်င္က လူေတြကို လုံၿခဳံတဲ့ အရိပ္အာဝါသေပးနိုင္တဲ့ . သစ္ပင္ေလးတစ္ပင္ ျဖစ္ခြင့္ရတာကို ေက်နပ္မိပါတယ္ ။အားလုံးလည္း ဒီကာလႀကီးကို အဆင္ေျပေျပနဲ႕ ျ

Unicode

ဝန်ထမ်းတွေကို အတိုးမဲ့ (၂) လစာ ချေးငွေ၊အိမ်ငှားခ နဲ့ လစာ အပြင် ဆန်အိတ်တွေပါ ထောက်ပံ့ပေးတဲ့ အလုပ်ရှင်

ဒီအချိန်မှာ အိမ်မှာ နေတဲ့ ဝန်ထမ်းတချို့ကလွဲရင် ကိုယ့်ဝန်ထမ်းတွေကို အလုပ်မဆင်းခိုင်းပေမယ့် ထောက်ပံ့ရိက္ခာနဲ့ ထိုက်သင့်တဲ့ လစာပေးထားခဲ့တယ် ။

ဒါပေမယ့် တချို့ဝန်ထမ်းလေးတွေရဲ့ တခြားမိသားစုဝင်တွေ အရင်လို အလုပ်အကိုင်တွေ အဆင်မပြေကြတော့တာ ကြားမိတယ် ။

တချို့ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေမှာ Taxi ဆွဲတဲ့သူရှိတယ်။ တချို့က ဈေးဆိုင်ဖွင့်ထားတယ်။ တချို့က စာသင်တယ်။တချို့က ကျောင်းကားဆွဲတယ် . စသဖြင့်ပေါ့။ ဒါပေမယ့် ဒီကာလမှာက တချို့အလုပ်အကိုင်တွေက . ဝင်ငွေနည်းသွားတယ် . တချို့က ဝင်ငွေ လုံးဝ မရှိတော့ဘူး။

လစာအရမ်းကောင်းကြတဲ့ ဝန်ထမ်းတွေမဟုတ်ရင် အိမ်တစ်အိမ်မှာ ကလေးငယ်တွေကလွဲပြီး မိသားစုဝင်အကုန်လုံးနီးပါး အလုပ်လုပ်မှ အဆင်ပြေမယ့် ကာလမို့ အခုချိန် တော်တော်များများအဆင်မပြေဘူး။Lady Grace Diamond Land က ရတဲ့လစာနဲ့ ထောက်ပံ့ရိက္ခာကြောင့် . စားစရိတ် မပူရပေမယ့် အိမ်ငှားနေတဲ့သူတွေအတွက် အိမ်ငှားခ ပူရနိုင်တယ်။

ကလေးအငယ်လေး ရှိသူတွေအတွက် နို့မှုန့်ဖိုး၊ သက်ကြီးရွယ်အို အမိအဖရှိသူတွေအတွက် ဆေးဖိုး ၊ စတဲ့ တခြား ကုန်ကျစရိတ်တွေအတွက် ငွေလိုနိုင်တယ်လို့ တွေးမိတယ်။ဒါကြောင့် ဝန်ထမ်းတစ်ဦးစီကို သူတို့ရသင့်တဲ့ လစာနဲ့ ထောက်ပံ့ရိက္ခာအပြင် ၂ လစာ ချေးငွေကိုပါ ထုတ်ချေးခဲ့တယ် ။

လုံးဝ အတိုးမဲ့ပါ ။ လုပ်ငန်းတွေ ပုံမှန် ပြန်လည်ပါတ်တဲ့အချိန်ရောက်မှ လစဉ် ခွဲပြီး ဆပ်ရုံပါ။ ဒီလို လုပ်ပေးဖို့က အများကြီး စဉ်းစားရပါတယ် ။အထူးသဖြင့် ဒီလို ကာလမှာပါ ။

ဝန်ထမ်းတွေအနေနဲ့ ချေးငွေက တစ်ယောက်ကို ၂ လစာပဲ ရတာဆိုပေမယ့် ဝန်ထမ်းအားလုံးကို ပေးရတဲ့ ဆိုင်အနေနဲ့က သိန်းရာနဲ့ချီတယ်လေ ဒါတောင် Video ထဲမှာ . နယ်ပြန်သွားတဲ့ ဝန်ထမ်းတွေနဲ့ ပန်းတိမ်ဆရာတွေ မပါသေးဘူး။

အရင်က Online ရောင်းအားအပြင် ဆိုင် ၂ ဆိုင်စာ ရောင်းအားရှိနေတော့ ဝင်ငွေပိုကောင်းတယ် ။ ဒါပေမယ့် အခုက Online ရောင်းအားပဲ ရှိတာကြောင့် ဝင်ငွေက အရင်နဲ့စာရင် . ၃ ပုံ ၁ ပုံပဲ ရှိတယ်။ဒါပေမယ့် ကိုယ့်ထက် ပိုခက်ခဲနိုင်မယ့် ဝန်ထမ်းမိသားစုတွေကို စဉ်းစားမိပြီး ဒီအစီအစဉ်လေး လုပ်ပေးဖြစ်ခဲ့တာပါ ။

ဒီလိုအကြပ်အတည်းကာလမှာ မထင်ထားခဲ့တဲ့ ဝန်ထမ်းကလေးတွေစီက မမတို့နဲ့အတူ အခက်အခဲကာလကို . အတူတူဖြတ်ကျော်မယ်ဆိုတဲ့ စိတ်လေးတွေ တွေ့ရလို့ ကျေနပ်မိတာတော့ အမှန်ပါ ။တချို့ဝန်ထမ်းလေးတွေက . လစာရော . Bonus ရော ရတာမို့ ငွေမလိုသေးလို့ ချေးငွေ မယူတော့ ပါဘူး. အစ်ကိုနဲ့မမတို့ ကုန်ကျတာတွေ အရမ်းများတာ သိလို့ပါ ဆိုတဲ့သူတွေတောင် ရှိတယ် ။

ဘာပဲ ဖြစ်ဖြစ် သူတို့လေးတွေ ပျော်နေတာတွေ့တော့ ကျေနပ်ရပါတယ်။ တစ်ချို့ဝန်ထမ်းလေးတွေဆို ရတဲ့ငွေ စုစုပေါင်းက သိန်းဆယ်ဂဏာန်းအထက် ငှက်တစ်သောင်းနားနိုင်တဲ့ သစ်ပင်ကောင်းတစ်ပင် မဖြစ်နိုင်သေးပေမယ့်

ကိုယ့်ပါတ်ဝန်းကျင်က လူတွေကို လုံခြုံတဲ့ အရိပ်အာဝါသပေးနိုင်တဲ့ . သစ်ပင်လေးတစ်ပင် ဖြစ်ခွင့်ရတာကို ကျေနပ်မိပါတယ် ။အားလုံးလည်း ဒီကာလကြီးကို အဆင်ပြေပြေနဲ့ ဖြတ်ကျော်နိုင်ကြပါစေနော်။