Covid -19 ရောဂါဆိုးကြီးကြောင့် ကိုယ်ချစ်ခင်ရသူတွေရဲ့ အသက်တွေ များစွာ ဆုံးရှုံးနေကြရတာကို စိတ်မကောင်းစွာ တွေ့နေရပါတယ် ။ ဘယ်သူမဆို ကိုယ့် တန်ဖိုးထားရတဲ့ မိသားစုတွေကို မဆုံးရှုံးချင်ကြပါဘူး ။
ဒါကြောင့်လည်း ကုသရမယ့်နေရာတွေ မရှိပေမယ့် အိမ်မှာပဲ အစွမ်းကုန် ကုသနေကြတာကို တွေ့ရပါတယ် ။ တစ်ချို့ကြတော့လည်း နေမကောင်းတာတောင် သတိမထားနိုင်ဘဲ ဝမ်းရေးအတွက် ရှာဖွေနေရသူတွေလည်း များစွာရှိပါတယ် ။
တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေ အဖို့တော့ ကိုဗစ်ရောဂါကူးစက်မှာကိုတောင် မကြောက်နိုင်တော့ဘဲ လမ်းပေါ်ထွက်ကာ လှုပ်ရှားရုန်းကန်နေရသူတွေ မနည်းပါဘူး ။ ရောဂါကူးစက်နေရရင်တောင်မှ ဆေးကုဖို့လည်း ခက်ခဲကြလို့ ရောဂါပြင်းထန် ဆိုးရွားလာကာ သွားလာရင်း လမ်းမှာတင် သေဆုံးနေကြရသူတွေကိုလည်း စိတ်မကောင်းစွာတွေ့ရပါတယ် ။
အခုလည်း ရပ်ကွက်တစ်ခုရဲ့ လမ်းထဲမှာ ဆိုက်ကားပေါ်မှာ သေဆုံးနေတဲ့ ဦးလေးတစ်ယောက်ရဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ် ။
ဒီလို ဆိုက်ကားပေါ်မှာ သေဆုံးနေတာကို အနီးပတ်ဝန်းကျင်က သိရှိပြီး သက်ဆိုင်ရာ ပရဟိတ အသင်းတွေကို ခေါ်ယူကာ အကူအညီတောင်းခဲ့ကြတယ်လို့ သိရပါတယ် ။
သေဆုံးသူမှာ မိသားစုဝင်တွေသာရှိနေရင် ဒီအဖြစ်ဆိုးကို သိပြီး ဘယ်လောက် ခံစားလိုက်ကြရမလည်းတွေးပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။
စားဝတ်နေရေးအတွက် ဝမ်းစာရှာဖွေရင်း လမ်းမမှာပဲ သေဆုံးနေရှာတဲ့ ပြည်သူတစ်ဦးရဲ့ စိတ်မကောင်းစရာ အဖြစ်ကို ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးရင်း အားလုံး ဂရုစိုက်နေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ။