News

“မိုးချုပ်ရင် ပြန်လာခေါ်မယ်ဆိုတဲ့ သားဖြစ်သူစကားကို ယုံပြီး စောင့်မျှော်နေတဲ့ အဖွားအို”

ဒီအမေအသက်နဲ့ရင်းမွေးခဲ့တာသတိရပါဦး😢

ဒီပုံထဲက အဘွားကို..သေချာကြည့်ပေးကြပါ😔

နာမည်👉ဒေါ်ယဥ်လှိုင်

အသက်👉80

သားနာမည်👉ကိုဝင်းနိုင်

ချွေးမနာမည်👉မမိုမို

နေရပ်👉မော်လမြိုင် ကျွန်းတောလမ်း

သူ့သားက ကားမောင်းတယ်

မြေးလေးတွေလဲရှိတယ်

ဒါတွေက ဒီအဘွားကိုမေးထားခြင်းဖြစ်ပါတယ်…

အသက်လဲကြီး..နားကလဲမကြားတော့ မနည်းအော်ဟစ်ပြီးမေးထားရပါတယ်…

ဒီနေ့ညနေ4:00ဝန်းကျင်လောက်က ကျွန်တော်တို့ ပဲခူးတိုင်းပဲခူးမြို့ သာယာအေးကျေးရွာ ဇရပ်မှာအဖြူရောင်ကားတစ်စီးထဲက အမျိုးသားတစ်ဦးက ပွေ့ချီပြီး အမျိုးသမီးက စားစရာအဝတ်အထည်ထည့်ထားသောခြင်းကို သယ်ယူပြီးလာပစ်သွားခြင်းဖြစ်ကြောင်း ရွာမှဦးလေးတစ်ဦးမှမြင်တွေ့ခဲ့ခြင်းဖြစ်သည်…

မိုးချုပ်ရင်လာပြန်ခေါ်မယ်လို့ သူ့သားကပြောသွားတယ်တဲ့😔😔

အာ့ကိုယုံစားပြီး အိပ်ရာခင်းကိုတောင်မခင်းနိုင်ပဲ ခေါင်းအုံးသဖွယ် အုံးပြီးစောင့်နေရှာတယ်…

မေးကြမြန်းကြတော့..အဘွားမှာမျက်ရည်တွေကျနေတယ်..

မျက်ဝန်းမှာ..အားငယ်ခြင်း ဝမ်းနည်းခြင်းတွေပြည့်နေတယ်..ကျွန်တော့်ရဲ့friတွေထဲက မော်လမြိုင်နေသူတွေ အခုကျွန်တော်တင်ထားတဲ့ လိပ်စာနဲ့ သား ချွေးမ နာမည်တွေရှိ မရှိ မော်လမြိုင်နေသူတွေရှိခဲ့ရင် စုံစမ်းပေးပါဗျာ…တကယ်သာဆိုအခုလိုရောဂါကာလ စစ်ကာလကြီးမှာ အသက်80အမေအိုကိုအခုလို မစွန့်ပစ်သင့်ပါဘူးဗျာ…😭😭😭

အဘွားပုံကို မတင်သင့်မှန်းသိပေမဲ့…တင်လိုက်ရပါတယ်နော်…မကျွေးနိုင်တော့ရင် ဘိုးဘွားရိပ်သာသွားပြီး အကူအညီတောင်းကြပါခင်ဗျာ…🙏🙏🙏

crd#

မူရင်းတင်သူ Alinkartay

21.7.2021