News

“အဆုံးသတ်တိုက်ပွဲအတွက် အသင့်ပြင်ဆင်နေကြပြီ၊ အရေးတော်ပုံအောင်တော့မည် ဟု NUG ကာကွယ်ရေးဝန်ကြီး ပြော”

ရန်ကုန်၊ ဇူလိုင် ၂၃

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ရှင်းလင်းမယ့် အဆုံးသတ်တိုက်ပွဲအတွက် ပြည်သူများ၊ လူငယ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်များ အသင့်ပြင်နေကြပြီး အရေးတော်ပုံ အောင်တော့မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်မှ ၎င်း၏ လူမှုကွန်ရက်တွင် ဇူလိုင်လ ၂၂ ရက်က ရေးသားထားသည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို မြန်မာနိုင်ငံပြည်သူများက လက်မခံသလို၊ နိုင်ငံတကာမှလည်း ရှုတ်ချနေပြီး အုပ်ချုပ်ရေးအာဏာတောင် တည်မရဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ ပြောသည်။

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းအတွက် ကာကွယ်ဆောင်ရွက်မှုများကိုလည်း ဝေဖန်ပြောဆိုထားပြီး တစ်တိုင်းပြည်လုံးမှ အော့နှလုံးနာနေကြပြီဟု ဆိုသည်။

Zawgyi

အဆုံးသတ္တိုက္ပြဲအတြက္ အသင့္ျပင္ဆင္ေနၾကၿပီ၊ အေရးေတာ္ပုံေအာင္ေတာ့မည္ ဟု NUG ကာကြယ္ေရးဝန္ႀကီး ေျပာ

ရန္ကုန္၊ ဇူလိုင္ ၂၃

ျမန္မာႏိုင္ငံတြင္ စစ္အာဏာရွင္စနစ္ကို အျမစ္ျပတ္ရွင္းလင္းမယ့္ အဆုံးသတ္တိုက္ပြဲအတြက္ ျပည္သူမ်ား၊ လူငယ္မ်ား၊ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ႏွင့္ မဟာမိတ္မ်ား အသင့္ျပင္ေနၾကၿပီး အေရးေတာ္ပုံ ေအာင္ေတာ့မည္ဟု အမ်ိဳးသားညီၫြတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီးဦးရည္မြန္မွ ၎၏ လူမႈကြန္ရက္တြင္ ဇူလိုင္လ ၂၂ ရက္က ေရးသားထားသည္။

အာဏာသိမ္း အၾကမ္းဖက္စစ္ေကာင္စီကို ျမန္မာႏိုင္ငံျပည္သူမ်ားက လက္မခံသလို၊ ႏိုင္ငံတကာမွလည္း ရႈတ္ခ်ေနၿပီး အုပ္ခ်ဳပ္ေရးအာဏာေတာင္ တည္မရဟု ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္မွ ေျပာသည္။

ကိုဗစ္ကပ္ေရာဂါ တတိယလႈိင္းအတြက္ ကာကြယ္ေဆာင္႐ြက္မႈမ်ားကိုလည္း ေဝဖန္ေျပာဆိုထားၿပီး တစ္တိုင္းျပည္လုံးမွ ေအာ့ႏွလုံးနာေနၾကၿပီဟု ဆိုသည္။