“ယနေ့ ဝါဆိုလပြည့်နေ့ မနက်မှာ ရုပ်ရှင် သရုပ် ဆောင် ကိုအရိုင်းမင်း ဆုံးသွားပြီဗျာ။
သန်လျင် ဘုရားကုန်းကျေးရွာနေအိမ်မှာ နှလုံးရောဂါအခံရှိ အောက်ဆီဂျင်ကျ၍ ဆုံးသွားပါပြီ။ အစ်ကို ကောင်းရာဘုံသို့ ရောက်ပါစေသား”လို့ လူကြမ်း မျိုးကြည်က စိတ်မကောင်းစွာ ဆိုပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လူကြမ်း အရိုင်းမင်းဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ် ကားများမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ် ဆောင်ခဲ့ပြီး၊ အနုပညာသက်တမ်း နှစ် ၄၀ ကျော် ရှိပါပြီ။
Source ဧရာဝတီသတင်းဌာန
Zawgyi
“သရုပ်ဆောင် အရိုင်းမင်း အောက်ဆီဂျင် ကျပြီး ကွယ် လွန်”