News

“ယနေ့ထွက်ပေါ်လာတဲ့ အင်းစိန်ထောင်တွင်းက ကြက်သီးထဖွယ် ကြွေးကြော်သံများနှင့် သွေးသစ္စာ သီချင်းသံ”

နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ဖမ်းဆီးပြီး အကျဉ်းချထားတဲ့ အင်းစိန်ထောင်အတွင်းမှာ ဒီကနေ့ မနက်ပိုင်းက အကျဉ်းသားတွေက ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြ အကျဉ်းသားတွေက အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ “သွေးသစ္စာ” သီချင်းသံပြိုင်သီဆိုမှု၊ “ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ချက်ချင်းလွှတ်၊ တို့ပြည်သူတွေညီရဲ့လားဟေ့ ညီတယ်ဟေ့၊ အရေးတော်ပုံအောင်ရမည်” စတဲ့ ကြွေးကြော်သံတွေက ထောင်ပြင်ထိ ဟိန်းထွက်ပြီး ကြားနေရပါတယ်။

အင်းစိန်ထောင်အနီးက သတင်းရင်းမြစ်တွေ ပြောပြချက်အရ ထောင်တွင်း ဆန္ဒပြတောင်းဆိုသံတွေ ထွက်ပေါ်ပြီးတဲ့နောက် စစ်ကား ၂ စီးအကျဉ်းထောင်ထဲကို ဝင်သွားတယ်လို့ သိရပါတယ်။

အင်းစိန်ထောင် အတွင်းမှာ ကိုဗစ် ရောဂါ ကူးစက်ပြန်ပွားမှုဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ရက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်း ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပြီး ဦးဟံသာမြင့်လည်း ကူးစက်ခံနေရတယ်လို့ ကြားရပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ ထောင်တွင်း ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေချိန် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းမရှိဘဲ ခိုးမှု၊ မူးယစ်ဆေးမှုနဲ့ ရဲအက်ဥပဒေတွေနဲ့ ဖမ်းဆီးပြီး အမှုရင်ဆိုင်နေရသူတွေကို အမှုရုတ်သိမ်းကာ မနေ့က စတင်လွှတ်ပေးခဲ့ပါတယ်။

ရုပ်သံကြည့်ရန်(၁)

ရုပ်သံကြည့်ရန်(၂)

ရုပ်သံကြည့်ရန်(၃)

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီမှ စစ်ကားများ ထောင်တွင်းသို့ ဝင်ရောက်သွားကြောင်း မျက်မြင်များကဆိုကြသည်။

*မတရားအဖမ်းဆီးခံရသူများ ဘေးအန္တရာယ်ကင်းပါစေ

ဗီဒီယို – CJ