ဗဟုသုတ

ကိုဗစ်တရားခံ ကို ဒဏ်ခတ်နေတဲ့ တိုင်ဖွန်း အမွှာမုန်တိုင်းကြီး

ကိုဗစ်တရားခံ ကို ဒဏ်ခတ်နေတဲ့ တိုင်ဖွန်း အမွှာမုန်တိုင်းကြီး

သဘာဝတရားကြီးက အာရှနဂါးကြီးကိုဒဏ်ခတ်လိုက်လေသလား

တောင်တရုတ်ပင်လယ်ထဲက Cempaka နဲ့ In-Fa ဆိုတဲ့ တိုင်ဖွန်း အမွှာမုန်တိုင်းကြီးရဲ့အဖျားခတ်တဲ့ အနမ်းဒဏ်ကိုအကြီးမားဆုံးခံစားလိုက်ရပါတယ် ။

တရုတ်နိုင်ငံအလယ်ပိုင်း Henan ပြည်နယ် Zhengzhou မြို့တော်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၀ရက်နေ့ကတည်းက မိုးအဆက်မပြတ်ရွာသွန်းပြီး တည်ဆောင်ထားတဲ့ရေကာတာကြီးတွေရဲ့ အသက်သွေကြောဖြစ်တဲ့ မြစ်လက်တက်တွေက ရေကြီးရေလျှံမှုကြောင့် ရေကာတာကရေတွေလျှံ ၊ မြို့တော်တွေအထဲ ၆၂၄ မီလီမီတာအမြင့်ထိနစ်မြုပ်ခဲ့တယ် ၊ မြေအောက်မီးရထားလမ်းတွေအထိနစ်မြုပ်ခဲ့တယ် ။

နေရာအနှံ့မှာ သဘာဝ အရင်းအမြစ်တွေကို ဟန့်တားကာ ရေကာတာကြီးတွေဆောက် လုပ်ပြီး ဆယ်စုနှစ်များစွာ တိုးတက်ပြောင်း လဲမှုတွေကိုအသာစံခဲ့ကြတော့လည်း တစ် ခါတစ်လေ သဘာဝတရားဒဏ်ခတ်ခြင်းရဲ့ အးသာကိုလည်းပြန်ခံစားရတာမဆန်းပါဘူး ။

ရာစုနှစ်များစွာမှာ ဒါဟာအဆိုးရွားဆုံးရေကြီးမှုပါဘဲလို့ဆိုကြတယ် ။ကံတရားပေါ့ဗျာ ၊ တစ်ခါတစ်လေမှာ “ ဝဋ် “ ဆိုတဲ့ စကားလုံးလေးတစ်လုံးက ကိုယ့်ထံကို မရောက်မလာမခြင်း ကိုယ်ချင်းစာတရားဆိုတာကို သိပ်ပြီးမမြင်တတ်ကြဘူး ၊

ကိုယ်ပြန်ခံစားရတဲ့အခလှည့်ကျမှ “ ဝဋ် ကြွေး “ အလူးအလဲနဲ့ မရှု့မလှကြီး ခံစားရမှကိုယ်ချင်းစာနာတတ်ကြတာမဟုတ်လား ။

ကမ္ဘာကြီးကို နိုင်ငံရေး ၊ စီးပွါးရေးမဟာ ဗျူဟာအရရော ၊ စစ်ရေးမဟာဗျူဟာအရပါ အင်အားကြီးနိုင်ငံကြီးအဖြစ် “ လောဘ မောဟ ဒေါသ

“ တရားတွေကိန်းအောင်းကာ နိုင်ရင်ပြီးရော ၊ လွှမ်းမိုးနိုင်ရင်ပြီးရောဆိုတဲ့ နည်းမျိုးစုံနဲ့ မပြုသင့်မပြုအပ်ခဲ့လို့ အဲ့ဒီရဲ့တန်ပြန်ဝဋ် ကြွေး ကိုသဘာဝတရားရဲ့ ဒဏ်ခတ်ခြင်းကိုဘဲ ခံစားနေရမှာပါ ။

ကိုယ့်အလှည့်ကျရင် ကံကိုပုံမချနဲ့ ကံဆိုတာကိုယ်ကအရင်ပြုခဲ့တာ ကံဆိုတာအ လုပ် ကမ္ဘာ့လူသားပေါင်း သန်းပေါင်းများစွာရဲ့မျက်ရည်စက်တွေကို မထီမဲ့မြင်မပြုပါနဲ့ ၊ လှောင်ပြောင်ပျက်ရယ်ခြင်းတွေမပြုကြပါနဲ့

“ ဝဋ်ကြွေး “ ဆိုတာကိုပြန်ဆပ်ရတဲ့အချိန် အတိုးက သိပ်များတယ် .တစ်ကြိမ်တည်းနဲ့ဆပ်လို့မပြီးဘူး ၊ အကြိမ်ကြိမ်ဆပ်တာတောင်မကျေဘူးတဲ့ …..နောက်ထပ်လည်း လာပါအုံးမည်

ကျုပ်တို့ကတော့ခင်ဗျားတို့ ဝူဟန်ကနေစလိုက်တဲ့ ငဗစ်ကြောင့် ကပ်ဘေးမျိုးစုံကိုရင်နာနာနဲ့တွန်းလှန်နေကြတာ ၂ နှစ်ပြည့်တော့မယ်ဗျ ၊ ချစ်သူခင်သူ မိတ်ဆွေတွေနဲ့လည်းကွေကွင်းခဲ့ကြရတာမနည်းတော့ပါဘူး ၊ ။

မင်းတို့ရဲ့ကောင်းမှုကြောင့် အနာဂါတ်က ဘာတွေဆက်ဖြစ်လာအုံးမလဲဆိုတာ ခုထိမရေရာ မသေချာသေးဘူး