အိမ်ငှားခ မပေးနိုင်လို့ ပစ်သွားတဲ့ ကလေးကို မိခင်ထံပြန်အပ် ၃လစာပါ စာချုပ် ပေးခဲ့တဲ့ လူငယ်အဖွဲ့
ညီမတို့လမ်းထိပ်ဝနားက ကလေးမလေးပါ
အမေလုပ်တဲ့သူကအိမ်လစာမပေးနိုင်လို့ထွက်သွားတာ၂ရက်ရှိပါပြီတဲ့
အခုကလေးလေးတယောက်ထဲကွင်းထဲမှာငိုနေတာတွေ့လို့စိတ်မကောင်းဖြစ်လို့ပါ
မျက်နှာလေးငယ်နေတာတွေ့ပြီးရင်ထဲမကောင်းဘူးဒီခေါတ်ဆိုးကြီးလည်းမြန်မြန်ပြီးချင်ပါပြီ
ကလေးကိုကူညီပေးကြပါနော်။ ကလေးနဲ့တွေ့ပြီးကူညီလို့လဲရပါတယ်ညီမလိုက်ပို့ပေးပါမယ်
09776434430ညီမဖုန်းနံပါတ်ပါသင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေလမ်း ဦးစံဖေရပ်ကွက်
ဘာဘူခြံဆိုတော်တော်များများသိပါတယ်ရှင့်။
အထက်ပါ Post ကိုမြင်ပြီးချင်းမှာဘဲ ကိုပူတူးနှင့်ဘော်ဒါများ ကနေပြီး
(ကလေးအား အမေလက်ထဲ အပ်ခဲ့ပါပြီ သူ တို့ သားအမိအတွက် အိမ်လစာ (3)လစာ 180,000 Ks ချုပ်ပေးခဲ့ပါပြီ
လတ်တလော စားဖို့သောက်ဖို့ စားစရာ နှင့် အသုံးစရိတ်လဲ ပေးခဲ့ပါပြီ။ ကိုပူတူးနှင့်ဘော်ဒါများ) ဆိုကာ ကလေးငယ်အား မိခင်လက်ထဲ ပြန်အပ်ကာ အိမ်လခကိုလည်း ၃လစာ စာချုပ် ချုပ်ဆိုပေးသွားခဲ့ပါတယ်။