မန္တလေးတိုင်း မြင်းခြံမြို့စက်မှုဇုန်မှာ အောက်ဆီဂျင်ဖြည့်ပေးနေတဲ့ ဝပ်ရှော့ပိုင်ရှင် အပါအဝင် လူ ငါးယောက်ကို စစ်ကောင်စီက ဒီနေ့ ဇူလိုင် ၂၁ ရက် ညနေ ၅ နာရီမှာ အရပ်ဝတ်တွေနဲ့ ဖမ်းဆီးသွားတယ်လို့ မြင်းခြံမြို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“အဲဒီ ဝပ်ရှော့ပိုင်ရှင်က ဘယ်ဘက်ကမှ မပါပါဘူး။ သူတက်နိုင်တဲ့ဘက်က ကူညီပေးတဲ့ သဘောမျိုးပါ။ ကိုဗစ်တိုက်ထုတ်ရမှာ စစ်ကောင်စီနဲ့ မပူးပေါင်းလို့ ဖမ်းတယ်ဆိုတာ သေချာပါတယ်”
မြင်းခြံမြို့ စက်မှုဇုန်၊ စံပယ်လမ်းက အာကာစိုး ဝပ်ရှော့ပိုင်ရှင် ဦးစိုးအောင်နဲ့ အသက် ၂၆ နှစ်အရွယ် သားဖြစ်သူအပြင် ဝပ်ရှော့က နှစ်ယောက်နဲ့ အောက်ဆီဂျင်လာဖြည့်သူ တစ်ယောက်တို့ကို စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ အိမ်စီးကား ၅ စီးနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ ငါးယောက်စလုံးကို စစ်ကောင်စီက ဘယ်ကိုဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မသိရှိသေးပါဘူး။
စစ်ကောင်စီက မဖမ်းဆီးခင် ၃ ရက်အလိုက အာကာစိုး ဝပ်ရှော့အနေနဲ့ မြင်းခြံမြို့မှာ အောက်ဆီဂျင် လိုအပ်နေသူတွေကို အောက်ဆီဂျင်လာဖြည့်နိုင်တယ်ဆိုပြီး ဆက်သွယ်ဖို့ လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ကြေညာထားခဲ့ပါတယ်။
မနေ့ ဇူလိုင် ၂၀ ရက်နေ့က မြင်းခြံနယ် ငါန်းစွန်းမြို့မှာလည်း NLD တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ကို ရှာမတွေ့တာကြောင့် သူရဲ့မိသားစုဝင် သုံးယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
– Unicode
—————
ျမင္းၿခံမွာ ေအာက္ဆီဂ်င္ျဖည့္ေပးတဲ့ ဝပ္ေရွာ့ပိုင္ရွင္ အပါအဝင္ လူငါးေယာက္ ဖမ္းဆီးခံရ
~~~~~~
■ မႏၲေလးတိုင္း ျမင္းၿခံၿမိဳ႕စက္မႈဇုန္မွာ ေအာက္ဆီဂ်င္ျဖည့္ေပးေနတဲ့ ဝပ္ေရွာ့ပိုင္ရွင္ အပါအဝင္ လူ ငါးေယာက္ကို စစ္ေကာင္စီက ဒီေန႔ ဇူလိုင္ ၂၁ ရက္ ညေန ၅ နာရီမွာ အရပ္ဝတ္ေတြနဲ႔ ဖမ္းဆီးသြားတယ္လို႔ ျမင္းၿခံၿမိဳ႕ ေဒသခံတစ္ေယာက္က RFA ကို ေျပာပါတယ္။
“အဲဒီ ဝပ္ေရွာ့ပိုင္ရွင္က ဘယ္ဘက္ကမွ မပါပါဘူး။ သူတက္ႏိုင္တဲ့ဘက္က ကူညီေပးတဲ့ သေဘာမ်ိဳးပါ။ ကိုဗစ္တိုက္ထုတ္ရမွာ စစ္ေကာင္စီနဲ႔ မပူးေပါင္းလို႔ ဖမ္းတယ္ဆိုတာ ေသခ်ာပါတယ္”
ျမင္းၿခံၿမိဳ႕ စက္မႈဇုန္၊ စံပယ္လမ္းက အာကာစိုး ဝပ္ေရွာ့ပိုင္ရွင္ ဦးစိုးေအာင္နဲ႔ အသက္ ၂၆ ႏွစ္အ႐ြယ္ သားျဖစ္သူအျပင္ ဝပ္ေရွာ့က ႏွစ္ေယာက္နဲ႔ ေအာက္ဆီဂ်င္လာျဖည့္သူ တစ္ေယာက္တို႔ကို စစ္ေကာင္စီက အရပ္ဝတ္ေတြနဲ႔ အိမ္စီးကား ၅ စီးနဲ႔ လာေရာက္ဖမ္းဆီးသြားတာျဖစ္တယ္လို႔ ဆိုပါတယ္။
အဲဒီ ငါးေယာက္စလုံးကို စစ္ေကာင္စီက ဘယ္ကိုဖမ္းဆီး ေခၚေဆာင္သြားတယ္ဆိုတာကိုေတာ့ မသိရွိေသးပါဘူး။
စစ္ေကာင္စီက မဖမ္းဆီးခင္ ၃ ရက္အလိုက အာကာစိုး ဝပ္ေရွာ့အေနနဲ႔ ျမင္းၿခံၿမိဳ႕မွာ ေအာက္ဆီဂ်င္ လိုအပ္ေနသူေတြကို ေအာက္ဆီဂ်င္လာျဖည့္ႏိုင္တယ္ဆိုၿပီး ဆက္သြယ္ဖို႔ လိပ္စာ၊ ဖုန္းနံပါတ္နဲ႔ ေၾကညာထားခဲ့ပါတယ္။
မေန႔ ဇူလိုင္ ၂၀ ရက္ေန႔က ျမင္းၿခံနယ္ ငါန္းစြန္းၿမိဳ႕မွာလည္း NLD တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ကို ရွာမေတြ႔တာေၾကာင့္ သူရဲ႕မိသားစုဝင္ သံုးေယာက္ကို စစ္ေကာင္စီက ဖမ္းဆီးခဲ့ပါတယ္။
Zawgyi
Photo: CJ
(မြင်းခြံမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ မတ် ၃ ရက်နေ့က တွေ့ရစဉ်)