ကျန်းမာရေး

“ဂျပန်နိုင်ငံမှ Oxygen Concentrator အလုံး ၇၀၀နဲ့ ကိုဗစ်လူနာများ တင်ဆောင်ရန် မော်တော်ယာဉ် ၁၄ စီး လှူဒါန်းမည်”

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ COVID-19 ဖြစ်ပွားမှုအတွက် ကုလသမဂ္ဂစီမံကိန်း၀န်ဆောင်မှုများရုံး (UNOPS) မှ အကောင်အထည်ဖော်လျက်ရှိသော လက်ရှိစီမံကိန်းမှတဆင့် Oxygen
Concentrator အလုံးရေ (၇၀၀) နဲ့COVID-19 လူနာများ တင်ဆောင်ရန် မော်တော်ယာဉ် ၁၄ စီး လှူ ဒါန်းသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံးမှ ယနေ့ ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံမှ လှူ ဒါန်းမှုများကို တိုက်ရိုက်လှူ ဒါန်းမှုအဖြစ်လှူ ဒါန်းသွားမည်မဟုတ်ပဲ ကုလသမဂ္ဂစီမံကိန်း၀န်ဆောင်မှုများရုံး (UNOPS) မှ အကောင်အထည် ဖော်လျက်ရှိသော လက်ရှိစီမံကိန်းမှတဆင့် အထက်ပါ လှူဒါန်းမှုများကို ဆောင်ရွက်သွားမယ်လို့လည်း ပါရှိပါတယ်။

အထက်ပါ လှူ ဒါန်းမှုများအနက် Oxygen Concentrator အလုံးရေ (၇၀၀) ကို COVID-19 လူနာများကို ကုသပေးနေသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုသရေးဌာနများသို့ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအတွက် Oxygen Concentrator များကို တိုက်ရိုက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပါရှိပါတယ်။