အင်္ဂါနေ့က တရုတ်နိုင်ငံတွင် ဇန်နဝါရီလနောက်ပိုင်း ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှု အများဆုံးဖြစ်ခဲ့ပြီး ထိုသို့ မြင့်မားလာခြင်းမှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်သို့ ပြည်ပမှ ကူးစက်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
တရုတပြည်မကြီးတွင် ဇူလိုင်လ ၁၉ ရက်နေ့က ကူးစက်မှုသစ် ၆၅ ခု မှတ်တမ်းတင်ထားပြီး ထိုမတိုင်မီတရက်က ကူးစက်မှုသစ် ၃၁ ခုသာရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ကြေညာချက်တစောင်တွင်ဖေါ်ပြသည်။ ထိုကူးစက်မှုအရေအတွက်သည် ကူးစက်မှုသစ် ၉၂ ခုရှိသည့် ဇန်နဝါရီလ ၃၀ ရက်နေ့နောက်ပိုင်း အမြင့်မားဆုံး နေ့စဉ်တွေ့ရှိမှုဖြစ်သည်။
ဇူလိုင်လ ၁၉ ရက်က ကူးစက်မှုသစ် အများစုမှာ ပြည်ပမှ ဝင်လာသော ကူးစက်မှုများဖြစ်ပြီး ယူနန်ပြည်နယ်တွင် ပြည်ပမှ လာသော ကူးစက်မှုသစ် ၄၁ ခုရှိပြီး ထိုကူးစက်ခံရသူများအားလုံးမှာ မြန်မာနိုင်ငံမှ မကြာသေးမီက ပြန်လာသော တရုတ် နိုင်ငံသားများတွင် ဖြစ်သည်။
ယူနန်ပြည်နယ်တွင် ယခုတကြိမ်ကူးစက်မှုသည် ဇူလိုင်လ ၄ ရက်နေ့က စတင်ခြင်းဖြစ်ပြီး တရုတ်မြန်မာနယ်စပ် မြို့ငယ်များဖြစ်သော ရွှေလီနှင့် လုံချွမ်တွင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဇွန်လမှစတင်ပြီး ကူးစက်မှုနှုန်း လွန်စွာမြင့်မားနေသည်။
ရွှေလီသည် ကပ်ရောဂါကူးစက်မှု စတင်ပြီးနောက် စတုတ္ထအကြိမ်မြောက် ကူးစက်ခံရခြင်းဖြစ်ပြီး ဇူလိုင်လ ၁၉ ရက်နေ့က ပြည်တွင်းကူးစက်မှု ၇ ခုရှိပြီး လုံချွမ်တွင် ပြည်တွင်းကူးစက်မှု တခုရှိသည်။
ရွှေလီသည် လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့နှင့် နယ်နိမိတ် ကီလိုမီတာ ၄၀၀၀ ဆက်စပ်နေသည့် ယူနန်ပြည်နယ်မှ အဓိက ကုန်းတွင်း သယ်ယူပို့ဆောင်ရေးလမ်းဆုံဖြစ်သည်။
ယူနန်တွင်ဖြစ်ပွားသော ယခုကူးစက်မှုသည် တရုတ်နိုင်ငံတွင် အလွန်ကူးစက်မြန်သော ဒယ်လ်တာမျိုးကွဲမှ အစုလိုက်အပြုံလိုက်ကူး စက်မှုများအနက် ဒုတိယမြောက်ဖြစ်သည်။ ပထမအကြိမ် ဒယ်လ်တာမျိုးကွဲ အစုလိုက်အပြုံလိုက်ကူးစက်မှုကို မေလနှင့် ဇွန်လများက တောင်ပိုင်းရှိ ကွမ်းတုံ ပြည်နယ်တွင် တွေ့ရသည်။
ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ကျုံကော်ရင်သည် တနင်္ဂနွေနေ့က ရွှေလီသို့ရောက်လာပြီး နောက်ထပ်ကူးစက်မှု တားဆီးရန် သံမဏိခံတပ် တည်ထောင်မည်ဖြစ်ကြောင်း ပြောသည်။
မြန်မာနှင့် ရှည်လျှားစွာ ထိစပ်နေသည့် ဆစ်ဆောင်ပါနား ခရိုင်တွင် ရဲတပ်ဖွဲ့က လမ်းများအားလုံးတွင် စစ်ဆေးရေးစခန်းများ ထူထောင်ပြီး ယာဉ်အဝင်အထွက်အားလုံးကို စစ်ဆေးနေသည်။
ဆစ်ဆောင်ပါနားခရိုင် မြို့ပြဒေသ ကျင်ဟုန်ပြင်ပတွင် ခရီးသွားခြင်းကို အားမပေးဘဲ လင်ကန့့်၊ ပူအားနှင့် ရွှေလီစသည့် အနီးရှိမြို့များကို ဝင်ရောက်ရန် အထူးခွင့်ပြုချက် လိုအပ်သည်။
(Zawgyi)
အဂၤါေန႔က တ႐ုတ္ႏိုင္ငံတြင္ ဇန္နဝါရီလေနာက္ပိုင္း ကိုဗစ္-၁၉ ေန႔စဥ္ကူးစက္မႈ အမ်ားဆုံးျဖစ္ခဲ့ၿပီး ထိုသို႔ ျမင့္မားလာျခင္းမွာ ျမန္မာႏိုင္ငံႏွင့္ နယ္နိမိတ္ ထိစပ္ေနသည့္ ႏိုင္ငံအေနာက္ေတာင္ပိုင္း ယူနန္ျပည္သို႔ ျပည္ပမွ ကူးစက္ျခင္းေၾကာင့္ျဖစ္ေၾကာင္း သိရသည္။
တ႐ုတျပည္မႀကီးတြင္ ဇူလိုင္လ ၁၉ ရက္ေန႔က ကူးစက္မႈသစ္ ၆၅ ခု မွတ္တမ္းတင္ထားၿပီး ထိုမတိုင္မီတရက္က ကူးစက္မႈသစ္ ၃၁ ခုသာရွိေၾကာင္း အမ်ိဳးသားက်န္းမာေရးေကာ္မရွင္က ေၾကညာခ်က္တေစာင္တြင္ေဖၚျပသည္။ ထိုကူးစက္မႈအေရအတြက္သည္ ကူးစက္မႈသစ္ ၉၂ ခုရွိသည့္ ဇန္နဝါရီလ ၃၀ ရက္ေန႔ေနာက္ပိုင္း အျမင့္မားဆုံး ေန႔စဥ္ေတြ႕ရွိမႈျဖစ္သည္။
ဇူလိုင္လ ၁၉ ရက္က ကူးစက္မႈသစ္ အမ်ားစုမွာ ျပည္ပမွ ဝင္လာေသာ ကူးစက္မႈမ်ားျဖစ္ၿပီး ယူနန္ျပည္နယ္တြင္ ျပည္ပမွ လာေသာ ကူးစက္မႈသစ္ ၄၁ ခုရွိၿပီး ထိုကူးစက္ခံရသူမ်ားအားလုံးမွာ ျမန္မာႏိုင္ငံမွ မၾကာေသးမီက ျပန္လာေသာ တ႐ုတ္ ႏိုင္ငံသားမ်ားတြင္ ျဖစ္သည္။
ယူနန္ျပည္နယ္တြင္ ယခုတႀကိမ္ကူးစက္မႈသည္ ဇူလိုင္လ ၄ ရက္ေန႔က စတင္ျခင္းျဖစ္ၿပီး တ႐ုတ္ျမန္မာနယ္စပ္ ၿမိဳ႕ငယ္မ်ားျဖစ္ေသာ ေ႐ႊလီႏွင့္ လုံခြၽမ္တြင္ ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ ဇြန္လမွစတင္ၿပီး ကူးစက္မႈႏႈန္း လြန္စြာျမင့္မားေနသည္။
ေ႐ႊလီသည္ ကပ္ေရာဂါကူးစက္မႈ စတင္ၿပီးေနာက္ စတုတၳအႀကိမ္ေျမာက္ ကူးစက္ခံရျခင္းျဖစ္ၿပီး ဇူလိုင္လ ၁၉ ရက္ေန႔က ျပည္တြင္းကူးစက္မႈ ၇ ခုရွိၿပီး လုံခြၽမ္တြင္ ျပည္တြင္းကူးစက္မႈ တခုရွိသည္။
ေ႐ႊလီသည္ လာအို၊ ျမန္မာႏွင့္ ဗီယက္နမ္တို႔ႏွင့္ နယ္နိမိတ္ ကီလိုမီတာ ၄၀၀၀ ဆက္စပ္ေနသည့္ ယူနန္ျပည္နယ္မွ အဓိက ကုန္းတြင္း သယ္ယူပို႔ေဆာင္ေရးလမ္းဆုံျဖစ္သည္။
ယူနန္တြင္ျဖစ္ပြားေသာ ယခုကူးစက္မႈသည္ တ႐ုတ္ႏိုင္ငံတြင္ အလြန္ကူးစက္ျမန္ေသာ ဒယ္လ္တာမ်ိဳးကြဲမွ အစုလိုက္အၿပဳံလိုက္ကူး စက္မႈမ်ားအနက္ ဒုတိယေျမာက္ျဖစ္သည္။ ပထမအႀကိမ္ ဒယ္လ္တာမ်ိဳးကြဲ အစုလိုက္အၿပဳံလိုက္ကူးစက္မႈကို ေမလႏွင့္ ဇြန္လမ်ားက ေတာင္ပိုင္းရွိ ကြမ္းတုံ ျပည္နယ္တြင္ ေတြ႕ရသည္။
ယူနန္ျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉး က်ဳံေကာ္ရင္သည္ တနဂၤေႏြေန႔က ေ႐ႊလီသို႔ေရာက္လာၿပီး ေနာက္ထပ္ကူးစက္မႈ တားဆီးရန္ သံမဏိခံတပ္ တည္ေထာင္မည္ျဖစ္ေၾကာင္း ေျပာသည္။
ျမန္မာႏွင့္ ရွည္လွ်ားစြာ ထိစပ္ေနသည့္ ဆစ္ေဆာင္ပါနား ခ႐ိုင္တြင္ ရဲတပ္ဖြဲ႕က လမ္းမ်ားအားလုံးတြင္ စစ္ေဆးေရးစခန္းမ်ား ထူေထာင္ၿပီး ယာဥ္အဝင္အထြက္အားလုံးကို စစ္ေဆးေနသည္။
ဆစ္ေဆာင္ပါနားခ႐ိုင္ ၿမိဳ႕ျပေဒသ က်င္ဟုန္ျပင္ပတြင္ ခရီးသြားျခင္းကို အားမေပးဘဲ လင္ကန္႔့၊ ပူအားႏွင့္ ေ႐ႊလီစသည့္ အနီးရွိၿမိဳ႕မ်ားကို ဝင္ေရာက္ရန္ အထူးခြင့္ျပဳခ်က္ လိုအပ္သည္။