ဗဟုသုတ

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမကို ကိုဗစ်ကုသရေး စင်တာအဖြစ် ပြောင်းလဲပြီး နေပြည်တော်ရှိ COVID-19 လူနာများအား လက်ခံကုသပေးမည်

ပြည်တွင်း ကျောက်စိမ်း၊ ကျောက်မျက် ပြပွဲများ ပြုလုပ်သည့် နေပြည်တော်ရှိ မဏိ ရတနာကျောက်စိမ်းခန်းမကို ကိုဗစ်ကုသ ရေးစင်တာအဖြစ် ပြောင်းလဲပြီး နေပြည်တော်ရှိ COVID-19 လူနာများအား လက်ခံ ကုသ စောင့်ရှောက်သွားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်ကောင်စီအတွင်း ကိုဗစ် ကူးစက်မှုများကို ထိန်းချုပ်ကုသမှုပေးနိုင်ရန် ယခုလို ကျောက်စိမ်းခန်းမကို ကိုဗစ်ကုသရေးစင်တာအဖြစ် ပြောင်းလဲဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မဏိရတနာကျောက်စိမ်းခန်းမတွင် အုပ်စုနှစ်ခုခွဲ၍ တပ်မတော်မှ အထူးကုဆရာဝန်များနှင့် ဆရာဝန်သူနာပြု အဖွဲ့များဖြင့် ကုသပေးမည်ဖြစ်ကြောင်း၊ A Group တွင် ၁၂ ဦး၊ B Group တွင် ၁၂ ဦး ဖြင့် နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ COVID-19 လူနာများကို လက်ခံကုသ စောင့်ရှောက်ပေးသွားမည်ဖြစ်ပြီး လူနာစုစုပေါင်း ၁၅၀၀ ကို လက်ခံကုသပေးမည်ဖြစ် ကြောင်း နေပြည်တော်ကောင်စီ၏ ထုတ်ပြန် ချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လည်း သက်ဆိုင်ရာမြို့နယ်များတွင် Quarantine Centre များကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။