News

“ကိုဗစ်ကြောင့် ဆေးရုံရောက်သွားတဲ့ မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီ ဥက္ကဋ္ဌ”

မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။

ဦးမောင်ကိုဟာ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီလောက်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ရောက်ရှိခဲ့ကာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပြီး ခွဲစိတ်ကုသဆောင်၂ ၊ ကုတင်အမှတ် – ၁ မှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်ရောဂါ ပိုးတွေ့နှုန်း သိသိသာသာများလာတဲ့အပြင် ကိုဗစ်နဲ့ သေဆုံးသူဟာ တစ်ရက်ကို အယောက် ၁၀၀ လောက်ရှိတယ်လို့ ပရဟိတ အသင်းတွေဆီကနေ သိရပါတယ်။

Zawgyi

မႏၲေလးတိုင္းေဒသႀကီး စစ္ေကာင္စီ ဥကၠ႒ ဦးေမာင္ကို ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရလို႔ မႏၲေလးအေထြေထြေရာဂါကု ေဆး႐ုံႀကီးမွာ ေဆးကုသမွုခံယူေနရတယ္လို႔ နီးစပ္သူေတြ ဆီကေန သိရပါတယ္။

ဦးေမာင္ကိုဟာ ဇူလိုင္ ၂၁ ရက္ မြန္းလြဲ ၃ နာရီေလာက္က မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးကို ေရာက္ရွိခဲ့ကာ က်န္းမာေရးစစ္ေဆးမွုေတြ ေဆာင္ရြက္ၿပီး ခြဲစိတ္ကုသေဆာင္၂ ၊ ကုတင္အမွတ္ – ၁ မွာ ေဆးကုသမွုခံယူေနတယ္လို႔ သိရပါတယ္။

မႏၲေလးၿမိဳ႕မွာ ကိုဗစ္ေရာဂါ ပိုးေတြ႕ႏွုန္း သိသိသာသာမ်ားလာတဲ့အျပင္ ကိုဗစ္နဲ႔ ေသဆုံးသူဟာ တစ္ရက္ကို အေယာက္ ၁၀၀ ေလာက္ရွိတယ္လို႔ ပရဟိတ အသင္းေတြဆီကေန သိရပါတယ္။