တနင်္သာရီတိုင်းဒေသကြီး ဆလုံတိုင်းရင်းသားများ သာသနာပြု ၊ နယ်စပ်ဒေသများမှာ သာသနာပြုနေသည့် ဂျလန်းကျွန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ အရှင်ကုသလဇောတိက ဟာ Covid-19 ရောဂါကူးစက်ခံ ရပြီးနောက် ဒီကနေ့(ဇူလိုင်လ ၂၀) နံနက် ၁၁နာရီခွဲအချိန်ခန့် က သာစည်မြို့နယ်ဆေးရုံမှာ ပျံလွန်သွားကြောင်း ကို ဆရာတော် ၏ ကပ္ပိယ တဦးက မဇ္ဈိမ သတင်းဌာနကို အတည်ပြုပြောကြားပါတယ်။
“ ဒီနေ့မနက် ၁၁နာရီခွဲလောက်က ပျံလွန်တော်မူသွားတာပါ။မနက်က ဆွမ်းဘုန်းပေးသေးတယ်။ ဆရာတော်ရဲ့ဇာတိ သာစည်မြို့မှာပဲ ပျံလွန်တော်မူသွားပါတယ် “ ဟု ကပိယကတဦးက ဆိုပါတယ်။
ဆလုံတိုင်းရင်းသားများကို သာသနာပြု ဆရာတော်ဖြင့် ထင်ရှားသည့် အရှင်ကုသလာဇောတိက ဟာ ဧရာဝတီတိုင်းဒေသကြီး ရှိ တရားပွဲတစ်ခုကို သွားဟောပြီး အပြန်တွင် စတင် ကိုဗစ်ရောဂါ ကူးစက်မှု ခံခဲ့ရကြောင်းကို တပည့်ဖြစ်သူက ရှင်းပြပြောဆိုပါတယ်။
ဆရာတော်ဟာ ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့မှာ စတင်ဖျားနာလာခဲ့တာဖြစ်ပြီး ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှု ၁၄ရက်မြောက်နေ့မှာ မန္တလေး တိုင်းဒေသကြီး ၊ သာစည်မြို့နယ်ဆေရုံးမှာ ပျံလွန်တော်မှုသွားခဲ့ကြောင်းသိရပါတယ်။
သာစည် ဇာတိဖွား ဆရာတော် အရှင်ကုသာလဇောတိက ဟာ မွှေးချင်းမောင်နှမ ငါးယောက်ရှိပြီး လူနာမည် ဦးကျော်စွာသိန်း အမည်တွင်ခဲ့ပြီး ကွယ်လွန်ချိန်မှာ သက်တော် ၄၅ နှစ် ၊ ဝါတော် ၂၅ နှစ် ရှိချိန်မှာ ပျံလွန်တော်မှုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတောင်ဘက်အစွန်းဒေသ ၊ ဆလုံသာသနာပြု နယ်လှည့် ဓမ္မာ ကထိက ၊ သာသနဓဇ ဓမ္မာ စရိယ အမည်ဖြင့် တရားဟောကြားခဲ့တာဖြစ်ပါတယ်။