နဂိုရုပ်ခံကိုတောင် ပျက်စီးစေတဲ့ ပွေး ၊တင်းတိတ် ၊ နေလောင်နာတွေ အတွက် အကောင်းဆုံး လက်တွေ့နည်း
“နောက်တစ်နည်းကတော့ ”
Unicode Version
တင်းတိတ် ပျောက်ချင်လား သံပုရာသီးနဲ့ အုန်းမုတ်ခွက် သွေးလိမ်းပါ လက်တွေ့ပါ
အုန်းမုတ် ခွက်သာ သက်သေကြည့်တော့။သံပုရာသီး မသုံးပဲ အုန်းမုတ်ခွက်ပဲသွေးလူးပါက
သုံးခါလောက်လူးပြီး မျက်နာပြင်ချောမွေ့လာမည်ကိုလက်တွေ့သိရပါလိမ့်မည်
လူသိနည်းသော “အုန်းမှုတ်ခွက်ဆေးနည်းများ” အခုပြောပြမယ့်ခွက်ကလေးက အုန်းမှုတ်ခွက်လေးအကြောင်းပါ ။
ဖတ်ဘူးသမျှနဲ့ကိုယ်တွေ့ဆေးဖက်ဝင် တဲ့အုန်းမှုတ်ခွက်အကြောင်းလေးပါ ။
အညာဒေသရဲ့ရွာတွင်းရွာပြင် ပြယုဒ်တစ်ခုဖြစ်တဲ့ချစ့်စရာ့ဓလေ့တွေ ဟာ…ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ ။
ရေချမ်းစင်မှာ သောက်ရေခွက်အဖြစ် အများအားဖြင့် အသုံးပြု ကြတာကတော့ အုန်းမှုတ်ခွက် ပါ ။
အိုးမှုတ်ခွက် ကို အသေချာ အချော ကိုင် ၊ ခွက်နားစွန်း တဖက်တချက် မှာ အပေါက်ပြီး လက်ကိုင်ရိုးကို တတ်ထားပါ တယ်။
အခွံမပါ၊အမွှေးမပါ ခွဲထားပြီး၊အသား၊အဆန်ထုတ်ထားပြီး၊လွှင့်ပစ်ထားသောအုန်းမှုတ်ခွက် အခွံကိုဆိုလိုပါသည်။
“ဆေးနည်းတစ်မျိုးကတော့”
အုန်းမှုတ်ခွက်တစ်ခုကို ရေဆေး နေလှမ်းပြီး ပါက မီးရှို့ပါ။ထွက်လာသောအငွေ့ကို သန့်သော ဒန်၊သတ္ထု အဖုံးတစ်ခုခုဖြင့်မှိုင်းခံပါ။
(တစ်ချို့ကတော့ဓါးမကြီးတစ်ချောင်းပေါ်မှာတင်ပြီးလုပ်ပါတယ် မြန်မာနည်းပေါ့ )
အညိုရောင် အဆီများကပ်လာပါမည်။ပွေးကိုသန့်သော ပစ္စည်းတစ်ခုဖြင့်ခြစ်ပါ။အပေါ်ယံအရေပြား ပွန်းသွားပါက၊
အုန်းမှုတ်ခွက် အဆီကို ခြစ်ယူပြီးသုတ်ပေးပါ။အနည်းငယ်စပ်ပြီး ပျောက်ပါသည်။( ပွေးရောဂါ လက်တွေ့ပျောက်ပါသည် )
“နောက်တစ်နည်းကတော့ ”
“တကယ်အသုံးဝင်တဲ့မိတ်ကပ်တစ်မျိုးပေါ့ ”
အပျိုဖော်ဝင်ကာစ လူပျိုအပျိုလေးတွေနဲ့ မျက်နှာမှာအဖုအထစ်တွေနဲ့လကမ္ဘာအလား အစက်အပြောက်တွေထူလပြစ်နဲ့
နဂိုရုပ်ခံကိုပျက်စီးစေတဲ့ ဝက်ခြံ တင်းတိတ် နေလောင်နာတွေအတွက်
ရက်တိုတိုအတွင်း ပျောက်ကင်းချောမွတ်နေစေဖို့ အုန်းမှုတ်ခွက် အရင့်တစ်လုံးကို သွေးပြီးသနပ်ခါးလိမ်းသလို ညတိုင်းလိမ်းအိပ်ပေးရမှာဖြစ်ပါတယ်
အုန်းမှုတ်ခွက် ဆိုပြီးလျှော့တော့မတွက်လိုက်ပါနဲ့ လိမ်းထားလို့ခြောက်သွားရင် သနပ်ခါးနဲ့မခြားပါဘူး
လက်လေးနဲ့အသာပွတ်ကြည့်လိုက် ချောမွတ်နေတဲ့အထိအတွေ့က ဆက်မပြောတော့ဘူး
လိမ်းဘူးတဲ့သူတွေသာမေးကြည့်ပါတော့