News

” ကပ်ရောဂါကို လက်နက်သဖွယ် အသုံးချနေတဲ့ စစ်ကောင်စီနှင့် မြန်မာ့အရေးအတွက် အမေရိကန်၏ နိုင်ငံရေး ၊ စစ်ရေး အကြပ်ကိုင်မှု့ “

အမေရိကန်က မြန်မာ့အရေးကို ဖြေရှင်းဖို့အတွက် လှုပ်ရှားမှု့ မြန်ဆန်လာတယ် ။ အင်အားသုံးလာတယ် ။ သြဇာပြလာတယ် ။ ကမ္ဘာ့စစ်ရေးနဲ့ နိုင်ငံရေး ကစားကွက်တွေကို တိတိကျကျ ၊ အချိန်ကိုက် ပုံဖော်လာတယ် ။ ဒီလို အမေရိကန်ရဲ့ လှုပ်ရှားမှု့တွေဟာ မြန်မာပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီလမ်းကို မဖြစ်မနေ ပြန်လည်ဖော်ဆောင်ပေးမယ်လို့ ပြောထားတာဟာ ယုံမှားစရာ မရှိပါဘူး ။

ဒီတစ်ပတ်အတွင်းမှာ အမေရိကန် ကစားလာတဲ့ နိုင်ငံရေးနဲ့ စစ်ရေးကစားကွက်တွေကို ကြည့်ကြရအောင် ။

တရုပ် ၊ အီသီးယိုးပီးယား နဲ့ မြန်မာကို လူမျိူးတုံး သတ်ဖြတ်မှု့အတွက် ဥပဒေနဲ့အညီ အရေးယူဖို့ ကမ္ဘာသိ ကြေငြာလိုက်တယ် ။ သြဇာကြီးတဲ့ အမေရိကန်ရဲ့ တောင်းဆိုမှု့ကို ကုလသမဂ္ဂလည်း မသိသလို နေလို့မရတော့ဘူး ။ အစည်းအဝေး ခေါ်ရတယ် ။ ရုရှားဟာ မြန်မာစစ်ကောင်စီကို အနောက်ကနေ ကျောထောက်ပေးနေတဲ့ နံပတ် ( ၁ ) နိုင်ငံလို့ ကမ္ဘာသိ ကြေငြာတယ် ။

ထိုင်ဝမ်ကို အမေရိကန် စစ်လေယာဉ် ဆင်းတယ် ။ လက်နက်ဆန်းတွေ ပါမယ်လို့ ခန့်မှန်းကြတယ် ။ တရုပ်က စွေ့စွေ့ခုန်သွားတယ် ။ တောင်တရုပ်ပင်လယ်ဟာ တရုပ်ပိုင်တယ်လို့ ထပ်ပြီး ကြေငြာတယ် ။ ဒီတော့ အမေရိကန်က ကိုယ်ပျောက်လေယာဉ်တွေ ထိုင်ဝမ်ရေလက်ကြားမှာ ဝဲပြလိုက်တယ် ။ တရုပ်က ဖိလစ်ပိုင်ကမ်းရိုးတန်းနဲ့ ဗီယက်နမ် ၊

အင်ဒိုအနီးအထိ စစ်သင်္ဘောတွေလွှတ်တယ် ။ မလက္ကာရေလက်ကြားကနေ မြန်မာဘက်အထိ လာနိုင်တယ်ထင်လို့ လေယာဉ်တင်သင်္ဘောကြီး နစ်မစ်နဲ့ ရော်နယ်ရေဂင်က ပိတ်ဆို့ထားတယ် ။ အင်ဒို ၊ မလေး ၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင်ရေတပ်တွေ တပ်လှန့်ထားရတယ် ။

ကဲ …၊ ဒါတွေကတော့ ဒီတစ်ပတ်အတွင်းမှာ အမေရိကန်ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး စီမံချက်တွေကို တဆင့်ပြီးတဆင့် ထုတ်သုံးလာတယ် ။ ပလန် A, B , C ဆိုတာ ရှိထားတဲ့ အမေရိကန်က တရုပ်ရဲ့ တုန့်ပြန်မှု့ကို ချက်ချင်း တုန့်ပြန်နိုင်တယ် ။

ကောင်းပြီ …၊ ဒီလို ကမ္ဘာ့စစ်ရေးနဲ့ နိုင်ငံရေး ကစားကွက်တွေ လှုပ်ရှားလာအောင် အမေရိကန်က ဘာ့ကြောင့်လုပ်ရသလဲ ….?

မြန်မာ့အရေးအတွက် ရုရှားနဲ့ ပူပူနွေးနွေး ဆွေးနွေးထားတဲ့ အင်ဒိုခေါင်းဆောင်သော အာဆီယံကို လှုပ်နှိုးလိုက်တာပါ ။

ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင့်ကန်နဲ့ အာဆီယံ ( ၁၀ ) နိုင်ငံ ခေါင်းဆောင်တွေဟာ အွန်လိုင်း အစည်းအဝေးတစ်ခု ကျင်းပပါတယ် ။

ထုံးစံအတိုင်းပါပဲ ။ တောင်တရုပ်ပင်လယ်မှာ ခြိမ်းခြောက်လာတဲ့ တရုပ်အန္တရယ်ကို တိုင်ကြ ၊ အကူအညီ တောင်းကြတာပါ ။ ဒီတော့ ဘလင်ကန်က တောင်တရုပ်ပင်လယ်ကို ဘာမှမစိုးရိမ်နဲ့ မြန်မာစစ်ကောင်စီကို အမြန်ဆုံး အရေးယူဖို့နဲ့ မြန်မာ့အရေး အမြန်ဆုံး ပြီးစီးဖို့ကို အပေးအယူသဘော လုပ်လိုက်တယ် ။

ဘလင်ကန်ပြောတာက မြန်မာစစ်ကောင်စီဟာ ဧပြီလကတည်းက အချက် ( ၅ ) ချက်ကို ကတိပေးထားခဲ့ပေမယ့် ၊ စစ်ကောင်စီဘက်က မထူးခြားသလို အာဆီယံရဲ့ action ကလည်း နှေးနေတယ်လို့ ပြောလိုက်တာပါ ။ ဆိုလိုတာက တောင်တရုပ်ပင်လယ်အတွက် အကူအညီရချင်ရင် ၊ မြန်မာ့အေ၇းကို အမြန်ဆုံး လှုပ်ရှားကြလို့ ပြောတဲ့သဘောပါ ။ ဒီလို ပြောဖို့အတွက် ကမ္ဘာ့နိုင်ငံရေးနဲ့ စစ်ရေးကစားကွက်တွေကို ပုံဖော်ရတာပါ ။

စစ်ကောင်စီအတွက် ပြေးလို့မလွတ်နိုင်တဲ့ ရာဇဝတ်မှု့တစ်ခုကတော့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်မှု့ပါ ။” မြန်မာစစ်ကောင်စီဟာ ကပ်ရောဂါကို လက်နက်တစ်ခုသဖွယ် အသုံးချပြီး ပြည်သူကို တိုက်ခိုက်နေတယ် ” လို့ ကမ္ဘာ့သတင်း ဌာနတွေက စွပ်ဆွဲထားတာပါ ။ ဒါတွေဟာ သက်သေ မြောက်များစွာနဲ့ ကုလအဖွဲ့ကလည်း လက်ခံရရှိထားတယ်လို့ ဆိုပါတယ် ။ အောက်ဆီဂျင် အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို အကူအညီမပေးပဲ ၊ နှောင့်ယှက်နေတာတွေ ၊ ဖမ်းဆီးနေတာတွေ ၊ သိမ်းယူနေတာတွေဟာ ကြီးမားတဲ့ ရာဇဝတ်မှု့လို့ စွပ်ဆွဲထားတာပါ ။

ကမ္ဘာ့သတင်း မီဒီယာတွေမှာတော့ ပဲခူးက ပီပီအီးဝတ်စုံနဲ့ သံဃာတစ်ပါးနဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ နွယ်အေးဗလီကိုလည်း ချီးကျူးထားပါသေးတယ် ။ မိုးထဲရေထဲမှာ အောက်ဆီဂျင် လိုအပ်သူအတွက် ရပ်ကွက်သားတွေ ကူညီအားထုတ်နေကြပုံ ၊ သေဆုံးသူတွေကို မီးင်္သဂြိုလ်ဖို့ တန်းစီနေရပုံ ၊ စစ်ကားတွေနဲ့ အောက်ဆီဂျင်အိုးတွေ သယ်ယူနေပုံတွေကို တင်ပြထားတာပါ ။

ပြောခဲ့ပြီးပါပြီ ။ အမေရိကန်ဟာ မြန်မာ့အရေးအတွက် နိုင်ငံရေး ၊ စစ်ရေးနည်းလမ်းတွေနဲ့ တဖြေးဖြေး ချည်းကပ်နေတာပါ ။ တရုပ်က အနောကို တဆင့် ဆုတ်လိုက်ပါတယ် ။ ရုရှားက သိသိသာသာ အဆင့် ( ၁ ) ထောက်ခံသူ ဖြစ်လာပါတယ် ။ ဆိုရရင် …၊ တရုပ်ကို ကမ္ဘာ့စစ်ရေး ကစားကွက်နဲ့

အကျပ်ရိုက်အောင် အာဆီယံနဲ့ ပေးတွေ့လိုက်တဲ့အတွက် ကုလငြိမ်းချမ်းရေးတပ် ( သို့မဟုတ် ) အမေရိကန်နဲ့ မဟာမိတ်တပ် ( သို့မဟုတ် ) မဟာမိတ်နိုင်ငံတွေက လက်နက်ထောက်ပံ့ပေးမယ့် PDF ရဲ့ D-Day မှာ တရုပ်တပ်တွေ ဝင်မလာရဲတော့ပါဘူး ။ မူဆယ်တဘက်ကမ်းကို ရောက်မလာနိုင်တော့ပါဘူး ။ ရုရှားကတော့ အဝေးကြီးပါ ။ လက်နက်ရောင်းဖို့အပြင် လူမိုက်မလုပ်ပါဘူး ။

စိတ်တော့ ရှည်ရပါလိမ့်မယ် ။ တဖြေးဖြေး တင်းလာတဲ့ ကမ္ဘာ့စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေမှာ စစ်ကောင်စီအတွက် မျှော်လင့်ချက် လုံးဝ မရှိတော့ပါဘူး ။ စွပ်ဆွဲခံထားရတဲ့ ပြစ်မှု့တွေအတွက် အမိန့်ချခဲ့ရင် စစ်ကောင်စီဟာ ဆယ်သက် ဆပ်လို့မကုန်တဲ့ ပြစ်ဒဏ်တွေကို တွေ့ကြူံရမှာပါ ။

ကမ္ဘာကြီးက စစ်ကောင်စီကို အဆုံးသတ်ပေးဖို့ သံတမန်အရေး ၊ စစ်ရေး ၊ ဥပဒေအရေးတွေနဲ့ အကွက်ချနေပါတယ် ။ ထူးခြားလာတော့မယ်လို့ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA