ဇူလိုင်လ ၂၀ ရက်
စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အင်အား တသောင်းကျော် Covid – 19 ရောဂါပိုး ကူးစက်ခံထားရကြောင်း နေပြည်တော်ရှိ ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတဦးက MPAသတင်းဌာနသို့ အတည် ပြုပြောကြားထားသည်။
မြန်မာနိုင်ငံရဲစခန်းအသီးသီးမှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်းများ၊ နယ်ခြားစောင့်ရဲများအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀၀ဝ ကျော်ဖြစ်ပြီး ၄င်းတို့၏ မိ သားစုဝင်များ မပါဝင်သေးကြောင်း၊ မိသားစုများကို ကုသပေးမှု့ စာရင်းဇယားများ အတိ အကျ မသိရသေးကြောင်း MPA သတင်းဌာနတွင်ဖော်ပြသည်။
“စာရင်းအနေနဲ့တော့ ရဲချုပ်ရုံးကို သတင်းပို့ရတာ ရှိပါတယ်။ အများစုက ရဲစခန်း၊ ရဲတပ်ရင်းအလိုက်ပေါ့။ မိသားစုဝင်တွေကတော့ ပို့တာရှိသလို မပို့တာလည်း ရှိတယ် ကြားတယ်။ တချို့တွေက အပြင်မှာ ကိုယ့်အိမ်ကိုယ် နေကြတာရှိတာကိုး” MPA သတင်းဌာနသို့ ဖြေကြားထားသည်။
နေပြည်တော်အခြေစိုက် ကွာရန်တင်းစင်တာ ရဲတပ်ရင်းများတွင် CO VID-19 ကူးစက်ခံရသည့်ရဲတပ်ဖွဲ့ဝင်များ ထားရှိရန် နေရာမဆန့်တော့သဖြင့် အခြားနေရာများသို့ ပြောင်းရွှေ့ကုသပေး နေရပြီး ကိုဗစ်ဖြင့်သေဆုံးရသည့် ရဲတပ်ဖွဲ့ဝင်များလည်း အများအပြားရှိကြောင်း သိရသည်။
ယခုလဆန်းပိုင်းတွင် ရခိုင်ပြည်နယ်သို့ ပြောင်း ရွှေ့တာဝန်ထမ်းဆောင်သော နယ်ခြားစောင့်ရဲ များ ၂၀၀ ကျော်အစုလိုက်ကူးစက်ခံခဲ့ရပြီး အင်းစိန် CID ရဲအရာရှိသင်တန်းသားများ ၁၅၀ ခန့် အစုလိုက် ကူးစက်ခံခဲ့ရကြောင်း သိရသည်။
Ref – MPA
#Covid19 #ရဲတပ်ဖွဲ့ဝင် #၁၀၀၀၀ ကျော် #ကူးစက်ခံရ#Ayeyarwaddy Times