News

“GCR2P ကြေငြာပြီး မြန်မာပြည်ထဲကို ခြေတစ်ဖက် ချလိုက်တဲ့ ကုလသမဂ္ဂ

မြန်မာ့အရေးအတွက် GCR2P ဝင်ဖို့ ကုလအဖွဲ့ကြီးက အရေးတကြီး ပြင်ဆင်နေတယ် ။ မြန်မာပြည်သူတွေကို ကာကွယ်ဖို့နဲ့ ဒီမိုကရေစီလမ်းကို မဖြစ်မနေ ပြည်လည် လျှောက်လှမ်းဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေး စီမံချက်အဖြစ်နဲ့ ကြေငြာလိုက်တာပါ ။ Global Centre for the Responsibility to Protect ပါ ။ သရဲ ဘီလူးလို ရက်စက် ကြမ်းကြုတ်နေတဲ့ စစ်ကောင်စီကို နှိမ်နင်းတဲ့အခါ ၊ တရားမျှတမှု့ရှိတယ်ဆိုတဲ့ လှုပ်ရှားမှု့တွေကို ကမ္ဘာကြီးက သက်သေပြတယ်ဆိုတဲ့ သဘောပါ ။

ကုလအဖွဲ့ကနေ လူ့အခွင့်အရေး ချိူးဖောက်နေသော ရက်စက် ကြမ်းကြုတ်မှု့ အသိပေးကြေငြာစာ အမှတ် ( ၂၆၁ ) နဲ့ အတည်ပြုထားတာပါ ။ ဒီအတည်ပြုချက်ကို ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေးအဖွဲ့ ( GCR2P ) က ပြင်ဆင်နေပါတယ် ။

မြန်မာ့အရေးဟာ ကုလလက်အောက်ခံ လူ့အခွင့်အရေးကောင်စီ ဌာနနဲ့ အများဆုံး ပတ်သက်နေပါတယ် ။ ပြီးခဲ့တဲ့တစ်ပတ်က OIC ကိုယ်စားပြု ၊ ပါကစ္စတန် ကုလသံအမတ်က အဆိုတင်သွင်းခဲ့တယ် ။ မဲမခွဲပဲ အတည်ပြုတယ် ။ ဒီတော့ စာရေးသူက ” လူ့အခွင့်အရေးကောင်စီက လက်ခံ အတည်ပြုလိုက်တာဟာ R2P ကို သေချာပေါက် တက်လှမ်းလိုက်တာပါပဲ ” လို့ ရေးခဲ့ပါတယ် ။ ဒီအခါမှာ စာဖတ်သူတစ်ယောက်က ” R2P ကို လုံခြုံရေးကောင်စီက အတည်ပြုရတာမဟုတ်ဘူးလား ..၊ လူ့အခွင့်အရေးကောင်စီက R2P အတည်ပြုပေးဖို့ ရသလား ” လို့ ကွန်မန့်ပေးထားပါတယ် ။

စာရေးသူကတော့ စာကို အစအဆုံး သေချာဖတ်ပါ လို့ပဲ ပြန်ပြောလိုက်ပါတယ် ။ ဘာ့ကြောင့်လည်းဆိုတော့ R2P ဝင်တဲ့ အဓိက အကြောင်းအရင်းကိုက လူ့အခွင့်အရေး ချိူးဖောက်ခံရမှု့အတွက် ဖြစ်နေလို့ပါ ။ ဒါ့ကြောင့် လူ့အခွင့်အရေးကောင်စီကနေ ၊ မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိူးဖောက်မှု့တွေကို မဲမခွဲပဲ လက်ခံလိုက်တာဟာ R2P အတွက် သေချာသွားစေတဲ့ သဘောလို့ သုံးသပ်ခဲ့တာပါ ။

ကောင်းပြီ ….။ ဒီနေ့ မြန်မာပြည်အတွင်းကို ကုလအဖွဲ့ကြီးက ခြေတစ်လှမ်းချလိုက်ပြီ ။ ဌာနစုံ မလာသေးတဲ့အတွက် ခြေတစ်လှမ်းလို့ ပြောရတာပါ ။

UNHCR ရဲ့ လူသားချင်းဆိုင်ရာ အကူအညီပါ ။ လူ့အခွင့်အရေး ချိူးဖောက်ခံနေရတဲ့ စစ်ပြေးဒုက္ခသည် ၊ မတရား ဖမ်းစီးခံရသူ ၊ နှိပ်စက်ခံရသူ ၊ ၅၀၅ နဲ့ ပြေးနေရသူ ၊ စီဒီအမ်နဲ့ ဒုက္ခရောက်နေသူတွေ အားလုံးအတွက် ကူညီမှာပါ ။ အကျဉ်းထောင်တွေအထိ ရောက်လာမှာပါ ။ ဒါကတော့ ကုလလက်အောက်ခံ UNHCR ရဲ့ လုပ်ငန်း တာဝန်တွေပါ ။

ကိုဗစ်ကပ်ရောဂါကို လက်နက်သဖွယ် အသုံးချနေပြီး ထိန်းမနိုင်တော့တဲ့ ပြဿနာကိုတော့ ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ ( WHO ) တာဝန်ယူတော့မှာပါ ။

ရခိုင်ပြည်နယ်ကိုတော့ ရောက်နေပါပြီ ။ ကုလအဖွဲ့လက်အောက်ခံ ICC လို ဌာနကလည်း သူ့အလုပ်သူ လုပ်နေပါတယ် ။ ခြေတစ်လှမ်းရဲ့ အနောက်မှာ လိုအပ်တဲ့ အဖွဲ့တွေအားလုံး ဝင်လာဖို့ ပြင်ဆင်နေသလို ၊ သေချာနေပြီဆိုတာကိုလည်း အဖွဲ့အသီးသီးရဲ့ ကြေငြာချက်နဲ့ ပြင်ဆင်နေပုံတွေကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ် ။

ပြီးခဲ့တဲ့ သောကြာနေ့က အစည်းအဝေးမှာ ” မြန်မာကို ဒီမိုကရေစီလမ်းကြောင်းပေါ် ၊ မဖြစ်မနေ ပြန်လည်ပို့ဆောင်ပေးဖို့ ကုလအဖွဲ့က သံဓိဌာန်ချ ၊ ကြေငြာချက်ထုတ်ပြီး ၊ လှုပ်ရှားတော့မယ် ” လို့ အသိပေးလိုက်ပါတယ် ။

ဒီနေ့ ဇူလိုင် ( ၁၉ ) တင်္နလာနေ့မှာတော့ လူ့အခွင့်အရေး ကာကွယ် တားဆီရေး အထူးကိုယ်စားလှယ် မေရီလော်လာ ( Mary Lawlor ) နဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး ( Tom Andrews ) တို့နှစ်ဦးက ” မြန်မာစစ်ကောင်စီကို နှိမ်နင်းဖို့ အကောင်းဆုံးအချိန်အဖြစ် ကုလအဖွဲ့ထံ တင်ပြလိုက်ပါတယ် ။

သူတို့နှစ်ဦးက ၊ မြန်မာစစ်ကောင်စီဟာ ” ရက်စက် ကြမ်းကြုတ်သော ဘီလူးသဘက် လှုပ်ရှားမှု့ ” ဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို နှိမ်နင်းနေတဲ့အကြောင်းတွေ တင်ပြခဲ့တာပါ ။ ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကို လက်နက်သဖွယ် အသုံးပြုနေပြီး ၊ ကုလအဖွဲ့ရဲ့ အကူအညီနဲ့ အရေးယူမှု့တွေ နောက်ကျနေမယ်ဆိုရင် လူမျိူးတုံး သတ်ဖြတ်မှု့ကို စစ်ကောင်စီက ဆက်လက် လုပ်ဆောင်လိမ့်မယ်လို့လည်း တင်ပြထားပါတယ် ။

အခြေအနေဟာ အရေးကြီးလာတဲ့အတွက် ( motivated ) . စိတ်ဓာတ်ခွန်အားဖြစ်စေသော အရေးအသားတွေဘက်ကို ဦးစားမပေးတော့ပဲ ဖြစ်စဉ်နဲ့ ဖြစ်လာနိုင်တဲ့ သတင်းနဲ့ သုံးသပ်မှု့ကိုသာ စာရေးသူက ဦးစားပေးပါတော့မယ် ။ စိတ်ရှည်ဖို့ကိုလည်း ထပ်ပြီး သတိပေးချင်ပါသေးတယ် ။

အနှစ်ချုပ်ရရင် …၊ ကုလအဖွဲ့ကြီးက ဗြိတိသျှအစိုးရ ဦးဆောင်တဲ့ သတင်းစုဆောင်းရေး အဖွဲ့ဆီကနေ သက်သေရထားတဲ့ သတင်းများစွာနဲ့ ဘီလူး သဘက်လို ရက်စက်ကြမ်းကြုတ်သော လှုပ်ရှားမှု့ကို အတွင်းကျကျ စုံးစမ်းလေ့လာနေတဲ့ မေရီလော်လာနဲ့ တွမ်အင်ဒရူးတို့ရဲ့ တင်ပြချက်တွေက သိပ်ကို ထိရောက်ခဲ့ပါတယ် ။ ဒါ့ကြောင့်လည်း ကုလသမဂ္ဂ အဖွဲ့ကြီးဟာ

” ဘီလူး သဘက်လို ရက်စက် ကြမ်းကြုတ်မှု့အတွက် GCR2P အသိပေးချက် 261 ” ကို အကောင်အထည်ဖော်တော့မယ့်အကြောင်း တရားဝင် အသိပေးလာတာပါ ။ ကျမ်းမာရေးနဲ့ လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီတွေကတော့ မြန်မာပြည်အတွင်းကို ခြေတစ်လှမ်း ချလိုက်ပါပြီ ။

ရောင်နီလာပြီ လို့ပဲ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA