News

“ဆေးရုံကို ကိုဗစ်လူနာလာပို့တာကို သေနတ်နဲ့ချိန်ပြီး ဝင်ခွင့်မပေး”(ရုပ်သံ)

မြောက်ဥက္ကလာဆေးရုံ ကိုဗစ်လူနာလာပို့တဲ့ယာဥ် သေနတ်နဲ့ချိန်ပြီး ဝင်ခွင့်မပေးလို့ ပရဟိတသမားတွေ အခက်ကြုံ

ဧရာဝတီတိုင်းမ်

ဇူလိုင် ၁၇ ရက်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာဆေးရုံကို ဇူလိုင်လ ၁၇ ရက်နေ့ ည ၉ နာရီကျော်လောက်က ကိုဗစ်လူနာလာပို့တဲ့ လူနာတင်ကားကို ဝင်ခွင့်မပေးဘဲ သေနတ်နဲ့ချိန်ခဲ့လို့ ပရဟိတသမားတွေအခက်ကြုံခဲ့ရတယ်လို့ သိရပါတယ်။

ဘာကြောင့်လူနာတွေကို ဆေးရုံထဲကိုပေးမဝင်တာကိုတော့ ဧရာဝတီတိုင်းမ် သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဂိတ်ပေါက်ဝမှာ သေနတ်နဲ့အချိန်ခံရပြီး ဝင်ခွင့်မရခဲ့တဲ့ ပရဟိတလူနာတင်ကားမောင်းသူ ၁ ဦးကတော့ ဒါဟာ ကျည်ဆံမကုန်အောင် အသေသတ်နေတာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ယက်မှာ Live လွှင့် ပြောဆိုခဲ့ပါတယ်။

ရုပ်သံကြည့်ရန် (၁)

ရုပ်သံကြည့်ရန် (၂)

ရုပ်သံ – နေမျိုး (ပဲခူး)