ဗဟုသုတ

ကိုဗစ်အတွက် နိုင်ငံတကာပေးထားတဲ့ ဒေါ်လာ သန်း ၃၅၀ စစ်ကောင်စီ ခိုးထားသလား၊ အဲဒီငွေတွေ ထုတ်သုံးဖို့ ကုလသမဂ္ဂကိုယ်စားလှယ် တိုက်တွန်း…See More

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မတိုင်မီ ကိုဗစ်ကပ်ရောဂါအတွက် နိုင်ငံတကာက ပေးထားသည့် ကိုဗစ်အမေရိကန်ဒေါ်လာ သန်း ၃၅၀ကို စစ်ကောင်စီအနေဖြင့် အကျိုးရှိစွာအသုံးပြုရန် ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က ယမန်နေ့က တိုက်တွန်းလိုက်သည်။

လက်ရှိတွင် အဆိုပါ ဒေါ်လာ သန်း ၃၅၀ ကို စစ်ကောင်စီက မည်သို့ အသုံးချထားသည်ကို မသိရှိရဘဲ ယင်းငွေကြေးမှာ ကိုဗစ်ကာကွယ်ကုသ ထိန်းချုပ်ရေးအတွက် နိုင်ငံတကာက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်ကောင်စီအနေဖြင့် စစ်အာဏာမသိမ်းခင် နိုင်ငံတကာက ထောက်ပံ့ထားသောဒေါ်လာ သန်း ၃၅၀ ကိုလည်း ထုတ်ယူ သုံးစွဲရန် လိုအပ်ကြောင်း ၎င်းကထောက်ပြသည်။

“စစ်အာဏာသိမ်းမှုမတိုင်မီ ရက်အနည်းငယ်ကမြန်မာပြည်သူလူထုအတွက် ကိုဗစ်ကာကွယ်ကုသရေး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ထောက်ပံ့ပေးခဲ့သော COVID အကူအညီဒေါ်လာသန်း ၃၅၀ ကိုလည်းစစ်ကောင်စီကအကုန် အကျခံရန်လိုအပ်သည်” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် အလွန်ဆိုးဝါးသော ကိုဗစ်အခြေ အနေကြောင့် ပြည်သူ လူထု အတွက် အကျပ်အတည်း ဖြစ်လာနိုင်၍ နိုင်ငံ တကာ အနေဖြင့် ဝင်ရောက်ကူညီကြရန်ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူက ပြောဆိုသည်။

“ကိုဗစ်မျိုးကွဲ Delta ပေါက်ကွဲကူးစက် ပြန့်ပွားနေတာ၊ ကျန်းမာရေး စနစ်တစ်ခုလုံးပြိုလဲနေတာ၊မြန်မာလူထုတွေက စစ်ကောင်စီကို လုံး၀ အယုံအကြည်မရှိတော့တာတွေက မြန်မာလူထုရဲ့ အသက်တွေကို ခြွေမယ့် ဆိုးဝါးတဲ့ အခြေ အနေတွေပါပဲ။တကယ်လို့ နိုင်ငံတကာအကူအညီမရဘူးဆိုရင် တကယ့်ကို ဆိုးဝါးမယ့်အခြေအနေတွေပါ” ဟု ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းရေးအရာရှိ Tom Andrews က ပြောဆိုသည်။

” လူသားမျိုးနွယ်ရဲ့ အခြေခံ အခွင့်အရေးတစ်ရပ်ကတော့ အမြင့်မားဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုကိုရယူခွင့်ရှိတာပါပဲ။ ဒါပေမယ့် အခု အဲဒီအခွင့် အရေးက မြန်မာနိုင်ငံတွင်းမှာ ငြင်းပယ်ခံနေရပါတယ်။

နိုင်ငံတကာအနေနဲ့ ဒါကို ချက်ချင်း တုံ့ပြန်ဆောင်ရွက်ရပါမယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းရေးအရာရှိက ဇူလိုင်လ ၇ ရက်နေ့ ဂျနီဗာ လူအခွင့်အရေးကောင်စီအစည်းအဝေးတွင် လည်း မြန်မာပြည်သူများအတွက် အရေးပေါ် နိုင်ငံတကာမဟာမိတ်အဖွဲ့ဖွဲ့စည်းပြီး ကူညီကြရန်လည်း တိုက်တွန်းထားသည်။

“စစ်တပ်မှာ အရင်းအမြစ်တွေနဲ့ လုပ်နိုင်စွမ်းတွေမရှိပါဘူး။

ဒီအကျပ်အတည်းကို ထိန်းချုပ်နိုင်ဖို့လည်း တရားဝင်မှု မရှိဘူး။ လူထုရဲ့ ယုံကြည်မှုမရှိတဲ့မြန်မာ့အကျပ်အတည်း ဟာ သေလောက်စရာပါပဲ” ဟု ၎င်းက ဆိုသည်။

“နိုင်ငံတကအနေနဲ့ မြန်မာပြည်သူတွေ ယုံကြည်လက်ခံနိုင်တဲ့ ကာကွယ်ဆေးထိုးမှု အပါဝင်စစ်တပ်မဟုတ်တဲ့၊ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်တဲ့ အဖွဲ့စည်းအတွေရဲ့ ကိုဗစ်တုံ့ပြန်ဆောင်ရွက်မှု တွေကို ကူညီရပါမယ်” ဟု ၎င်းက ရှင်းပြသည်။

“အဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ အကူအညီတွေကို သေဆုံးမှုနှုန်းတွေ မမြင့်တက်ခင် ကူညီဖို့ ဆန္ဒရှိသလို ကူညီဖို့ နိုင်ရမှာပါ” ဟု ၎င်းကဆိုသည်။“မြန်မာပြည်သူတွေကကျန်းမာရေးစောင့်ရှောက်မှု မရှိတော့တာနဲ့ ယုံကြည်မှုမရှိတာကြောင့် သေဆုံးနေရပါတယ်” ဟု သူက ဆက်ပြောသည်။

အကျဉ်းထောင်အတွင်းတွင် လက်ခံနိုင်သည့် ပမာဏထက် အကျဉ်းသားအရေ အတွက် များပြားနေပြီး အကျဉ်းထောင်အတွင်းရှိ ထိရှယ်လွယ်သော ပြည်သူ များ အတွက် စိုးရိမ်ကြောင်းလည်း ၎င်းကဆိုသည်။

Zawgyi

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈ မတိုင္မီ ကိုဗစ္ကပ္ေရာဂါအတြက္ ႏိုင္ငံတကာကေပးထားသည့္ ကိုဗစ္အေမရိကန္ေဒၚလာ သန္း ၃၅၀ကို စစ္ေကာင္စီအေနျဖင့္ အက်ိဳး႐ွိစြာအသုံးျပဳရန္ကုလသမဂၢ၏ျမန္မာႏိုင္ငံဆိုင္ရာ လူ႕အခြင့္အေရးကိုယ္စားလွယ္ Tom Andrews က ယမန္ေန႔က တိုက္တြန္းလိုက္သည္။

လက္႐ွိတြင္ အဆိုပါ ေဒၚလာ သန္း ၃၅၀ ကို စစ္ေကာင္စီက မည္သို႔ အသုံးခ်ထားသည္ကို မသိ႐ွိရဘဲယင္းေငြေၾကးမွာ ကိုဗစ္ကာကြယ္ကုသ ထိန္းခ်ဳပ္ေရးအတြက္ ႏိုင္ငံတကာက ေပးအပ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာစစ္ေကာင္စီအေနျဖင့္ စစ္အာဏာမသိမ္းခင္ ႏိုင္ငံတကာက ေထာက္ပံ့ထားေသာေဒၚလာ သန္း ၃၅၀ ကိုလည္း ထုတ္ယူ သုံးစြဲရန္ လိုအပ္ေၾကာင္း ၎ကေထာက္ျပသည္။

“စစ္အာဏာသိမ္းမႈမတိုင္မီ ရက္အနည္းငယ္ကျမန္မာျပည္သူလူထုအတြက္ကိုဗစ္ကာကြယ္ကုသေရး ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕က ေထာက္ပံ့ေပးခဲ့ေသာ COVIDအကူအညီေဒၚလာသန္း ၃၅၀ ကိုလည္းစစ္ေကာင္စီကအကုန္ အက်ခံရန္လိုအပ္သည္” ဟု ၎က ေျပာသည္။

စစ္အာဏာသိမ္းထားေသာ ျမန္မာႏိုင္ငံတြင္ အလြန္ဆိုးဝါးေသာ ကိုဗစ္အေျခ အေနေၾကာင့္ျပည္သူ လူထု အတြက္ အက်ပ္အတည္း ျဖစ္လာႏိုင္၍ ႏိုင္ငံ တကာ အေနျဖင့္ ဝင္ေရာက္ကူညီၾကရန္ကုလသမဂၢ၏ ျမန္မာႏိုင္ငံဆိုင္ရာ လူ႕အခြင့္အေရး စုံစမ္းစစ္ေဆးသူက ေျပာဆိုသည္။

“ကိုဗစ္မ်ိဳးကြဲ Delta ေပါက္ကြဲကူးစက္ ျပန္႔ပြားေနတာ၊ က်န္းမာေရး စနစ္တစ္ခုလုံးၿပိဳလဲေနတာ၊ျမန္မာလူထုေတြက စစ္ေကာင္စီကို လုံး၀ အယုံအၾကည္မ႐ွိေတာ့တာေတြကျမန္မာလူထုရဲ႕ အသက္ေတြကို ေႁခြမယ့္ ဆိုးဝါးတဲ့ အေျခ အေနေတြပါပဲ။တကယ္လို႔ ႏိုင္ငံတကာအကူအညီမရဘူးဆိုရင္ တကယ့္ကို ဆိုးဝါးမယ့္အေျခအေနေတြပါ” ဟု ကုလသမဂၢလူ႕အခြင့္အေရး စုံစမ္းေရးအရာ႐ွိ Tom Andrews က ေျပာဆိုသည္။

” လူသားမ်ိဳးႏြယ္ရဲ႕ အေျခခံ အခြင့္အေရးတစ္ရပ္ကေတာ့ အျမင့္မားဆုံးေသာ က်န္းမာေရးေစာင့္ေ႐ွာက္မႈကိုရယူခြင့္႐ွိတာပါပဲ။ ဒါေပမယ့္ အခု အဲဒီအခြင့္ အေရးက ျမန္မာႏိုင္ငံတြင္းမွာ ျငင္းပယ္ခံေနရပါတယ္။

ႏိုင္ငံတကာအေနနဲ႔ ဒါကို ခ်က္ခ်င္း တုံ႔ျပန္ေဆာင္႐ြက္ရပါမယ္” ဟု ၎က ဆက္လက္ေျပာဆိုသည္။ကုလသမဂၢလူ႕အခြင့္အေရး စုံစမ္းေရးအရာ႐ွိက ဇူလိုင္လ ၇ ရက္ေန႔ ဂ်နီဗာ လူ႕အခြင့္အေရးေကာင္စီ

အစည္းအေဝးတြင္ လည္း ျမန္မာျပည္သူမ်ားအတြက္ အေရးေပၚ ႏိုင္ငံတကာမဟာမိတ္အဖြဲ႕ဖြဲ႕စည္းၿပီး ကူညီၾကရန္လည္း တိုက္တြန္းထားသည္။

“စစ္တပ္မွာ အရင္းအျမစ္ေတြနဲ႔ လုပ္ႏိုင္စြမ္းေတြမ႐ွိပါဘူး။

ဒီအက်ပ္အတည္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔လည္း တရားဝင္မႈ မ႐ွိဘူး။ လူထုရဲ႕ ယုံၾကည္မႈမ႐ွိတဲ့ျမန္မာ့အက်ပ္အတည္း ဟာ ေသေလာက္စရာပါပဲ” ဟု ၎က ဆိုသည္။

“ႏိုင္ငံတကအေနနဲ႔ ျမန္မာျပည္သူေတြ ယုံၾကည္လက္ခံႏိုင္တဲ့ ကာကြယ္ေဆးထိုးမႈ အပါဝင္စစ္တပ္မဟုတ္တဲ့၊ ႏိုင္ငံေရးအဖြဲ႕အစည္းမဟုတ္တဲ့ အဖြဲ႕စည္းအေတြရဲ႕ကိုဗစ္တုံ႔ျပန္ေဆာင္႐ြက္မႈ ေတြကို ကူညီရပါမယ္” ဟု ၎က ႐ွင္းျပသည္။

“အဖြဲ႕ဝင္ႏိုင္ငံေတြ၊ ႏိုင္ငံတကာအဖြဲ႕အစည္းေတြနဲ႔ ေဒသတြင္း အဖြဲ႕အစည္းေတြ၊ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြအေနနဲ႔အကူအညီေတြကို ေသဆုံးမႈႏႈန္းေတြ မျမင့္တက္ခင္ ကူညီဖို႔ ဆႏၵ႐ွိသလို ကူညီဖို႔ ႏိုင္ရမွာပါ” ဟု ၎ကဆိုသည္။“ျမန္မာျပည္သူေတြကက်န္းမာေရးေစာင့္ေ႐ွာက္မႈ မ႐ွိေတာ့တာနဲ႔ ယုံၾကည္မႈမ႐ွိတာေၾကာင့္ ေသဆုံးေနရပါတယ္” ဟု သူက ဆက္ေျပာသည္။

အက်ဥ္းေထာင္အတြင္းတြင္ လက္ခံႏိုင္သည့္ ပမာဏထက္ အက်ဥ္းသားအေရ အတြက္ မ်ားျပားေနၿပီး အက်ဥ္းေထာင္အတြင္း႐ွိ ထိ႐ွယ္လြယ္ေသာ ျပည္သူ မ်ား အတြက္ စိုးရိမ္ေၾကာင္းလည္း ၎ကဆိုသည္။