ဗဟုသုတ

ကိုယ်တိုင်က နေမကောင်းဖြစ်နေပေမယ့် သူမအတွက် မချန်ဘဲ အရေးပေါ်လိုအပ်နေသူတွေအတွက် အောက်ဆီဂျင်အိုးတွေ လှူဒါန်းနေတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သလို ပရဟိတအလုပ်တွေလည်း ဆက်တိုက်လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေကတော့ လက်ရှိမှာလည်း လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် ဖေးမကူညီနေတာ ဖြစ်ပါတယ်..။

ခိုင်နှင်းဝေကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အများပြည်သူအသက်ဆုံးရှုံးနေကြရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ပါဝင်ကူညီခဲ့ပါတယ်..။

ကိုယ်တိုင်က နေမကောင်းဖြစ်နေပေမယ့်လည်း သူမအတွက် မချန်ဘဲ အရေးပေါ်လိုအပ်နေသူတွေအတွက် ဝယ်လို့ရနိုင်သမျှ အောက်ဆီဂျင်အိုးတွေ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်..။

အရေးပေါ် လူနာများကို ငွေကြေးတစုံတရာ ကောက်ခြင်းမရှိပဲ လှုပေးပြီး မိမိတို့ အသုံးပြုပြီးသားတွေကိုလည်း တစ်ဆင့်ပြန်လည် လှူပေးကြဖို့ကိုလည်း ခိုင်နှင်းဝေက တိုက်တွန်းပြောပြထားပါသေးတယ်..။

“အောက်ဆီဂျင်အိုးလေးတွေတော့ ရောက်လာပါပီရှင်.. အရေးပေါ် လူနာများကို လှုပေးဖြစ်ခဲ့ပါတယ်.. ရှားပါးနေတဲ့ ချိန်ဖြစ်တဲ့ အတွက် လူစုံအောင် မလှူပေးနိုင်တာကိုလဲ နားလည်ပေးကြပါရှင်.. နောက်ထပ်လဲ လှူနိုင်အောင် ကျမတတ်နိုင်သလောက် ကြိုးစားသွားပါမယ်..

အရေးပေါ် လူနာများအား ငွေကြေးတစုံတရာ ကောက်ခြင်းမရှိပဲ လှုပေးပြီး မိမိတို့ အသုံးပြုပြီးပါကလဲ တဆင့် လိုအပ်သူများအား ပြန်လည် လှုပေးကြပါလို့ မေတ္တာ ရပ်ခံပါတယ်ရှင်.. လိုအပ်သူများပြားလွန်းတာကြောင့် ဖုန်းမဖြေနိုင်တာလဲ နားလည်ပေးကြပါနော်.. ကျမ ကိုယ်တိုင်လဲ နေမကောင်းတာ တပတ်လောက်ရှိနေပြီး ကျမ အတွက် မချန်ထားပဲ လှူပေးနေပါတယ်..

တကယ်လိုအပ်မှသာ အကူအညီတောင်းမယ် မဆောင်ထားဘူး ဆိုတဲ့ အသိနဲ့ပါ.. ကျမနဲ့ အတူ ပါဝင်လှူဒါန်းပေးကြသော ခုနှစ်ရက် သားသမီး အလှူရှင်များအားလုံး ကုသိုလ်ထပ်တူ ရကြ၍ ပီတိဖြစ်နိုင်ကြပါစေရှင်..” ဆိုပြီး သူမရဲ့မွန်မြတ်လွန်းတဲ့ ကုသိုလ်အလှူတွေကို ဝေမျှထားတာပါ..။

ကိုယ်ချင်းစာစိတ်အပြည့်နဲ့ လိုအပ်နေတဲ့ ပြည်သူတွေအတွက် မိမိတတ်နိုင်တဲ့ဘက်ကနေ အားဖြည့် ကူညီနေတု့ ခိုင်နှင်းဝေရဲ့ အလှူလေးကတော့ တကယ်ကိုသတင်းကောင်းလေးတစ်ခုလည်း ဖြစ်ပါတယ်..။