ခိုင်နှင်းဝေရဲ့ အလှူလေးမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးခဲ့တဲ့ ဖူးဖူး
ဖူးဖူးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။
လက်ရှိ မှာတော့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ချင်းမရှိတော့ပေမဲ့လည်း ဖူးဖူးရဲ့ ပရိသတ်တွေ ကတော့ ရှိနေစဲပါ။ ဖူးဖူးကတော့ အမြဲတမ်းလိုလို လိုအပ်တဲ့နေရာတွေ အတွက် တတ်နိုင်သလောက် လှူဒါန်းပေးလေ့ရှိပြီး
အခုတစ်ခေါက် မှာလည်း ခိုင်နှင်းဝေရဲ့ အလှူလေးမှာ သူတတ်နိုင် သလောက် ပါဝင်လှူဒါန်းပေးခဲ့ပါတယ်။
လတ်တလောမှာ ပြည်သူတွေ အရေးတကြီး လိုအပ်နေတဲ့ အောက်စီဂျင်တွေကို လှူဒါန်းပေးဖို့ အတွက် ခိုင်နှင်းဝေက စီစဉ်နေတာပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါနော်။
ဖူးဖူးကတော့ ခိုင်နှင်းဝေရဲ့ အောက်စီဂျင်လှူဒါန်းမယ့် အလှူလေးမှာ သူတတ်နိုင်သလောက် (၉)သောင်းကျပ်ကို ပါဝင်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
အခုလို ကာလဒါန အလှူလေးမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးတဲ့ ဖူးဖူးလည်း ကပ်ကြီး(၃)ပါ အန္တရာယ်ကနေ ကင်းလွတ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။
ပရိသတ်တွေလည်း သရုပ်ဆောင်ဖူးဖူးရဲ့ အောက်စီဂျင်အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။