ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချော မမဆောင်းကတော့ သူ့ရဲ့We Love ပရိသတ်တွေနဲ့အတူ စုပေါင်းပြီး အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။
မမဆောင်းကတော့ အမြဲတမမ်းလိုလို သူ့ရဲ့ပရိသတ်တွေနဲ့ စုပေါင်းပြီး လိုအပ်နေတဲ့သူတွေအတွက် လိုအပ်တာတွေလှူဒါန်းပေးတဲ့အလှူလေးကို ပြုလုပ်လေ့ရှိတာ ပရိသတ်တွေလည်း အသိပါပဲနော်။
ဒီတစ်ခေါက်မှာလည်း မမဆောင်းက သူ့ရဲ့ပရိသတ်တွေနဲ့အတူ ဝေဠုကျော်ဖောင်ဒေးရှင်းကို အောက်စီဂျင် (90) Liter အိုး (၅)လုံးကို လှူဒါန်းပေးလိုက်ပြန်ပါတယ်။
ကွယ်လွန်သွားတဲ့ မိခင်ကြီးဖြစ်သူ ကို ရည်စူးပြီးတော့ လတ်တလော ပြည်သူတွေကြားမှာလိုအပ်နေတဲ့ အောက်စီဂျင်တွေကို မမဆောင်းနဲ့ We Love တွေရဲ့စုပေါင်းအလှူလေးအနေနဲ့ ဒီနေ့မှာ ဝေဠုကျော်ဖောင်ဒေးရှင်းကို မမဆောင်းကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
မမဆောင်းက သူ့ရဲ့ဒီအလှူလေးမှာ ပါဝင်လှူဒါန်းပေးတဲ့ We Love အဖွဲ့ကအလှူရှင်တွေကိုကျေးဇူးတင်ကြောင်းနဲ့ အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မမဆောင်းနဲ့ သူ့ပရိသတ်တွေရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။