တစ်နေ့တစ်နေ့ ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေလည်း ပိုပို များများလာတာကို တွေ့ရပါတယ် ။
ဒီလို အခြေအနေတွေမှာ ပြန်လည်ကောင်းမွန်လာတာတွေလည်း ရှိသလို ရောဂါအခြေအနေ ဆိုးရွားပြီး အောက်ဆီဂျင်တွေ ပြတ်လပ်ကာ သေဆုံးနေကြသူတွေလည်း မနည်းတော့ပါဘူး ။
နေရာဒေသတိုင်းမှာ ကိုဗစ်ကြောင့် သေဆုံး ကြသူတွေရဲ့ Dead Body တွေ များလွန်းလို့ မီးသင်္ဂြိုဟ်ဖို့ မနိုင်တဲ့ အထိပါပဲ ။
အရင်လိုလည်း အစစအရာရာ ကူညီဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေလည်း မရှိကြလို့ ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။
ရန်ကုန်က ဆရာတော် တစ်ပါးဆိုရင်လည်း ကူညီလုပ်ဆောင်ပေးမယ့် လူအင်အားနည်းနေတာကို မကြည့်ရက်လို့ သင်္ကန်းဝတ်ကြီးနဲ့တောင် သူကိုယ်တိုင် PPE ဝတ်ဆင်ကာ နေ့စဉ်တိုင်း ကိုဗစ်လူနာတွေ အပြင် ရောဂါကြောင့် သေဆုံးသူတွေကို ကူညီပေးလျက်ရှိတာကို လေးစားစွာတွေ့ရပါတယ် ။
အခုလည်း ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသူရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို သူကိုယ်တိုင် အစအဆုံး မီးသင်္ဂြိုဟ်တဲ့ နေရာအထိ သယ်ဆောင်ကူညီပေးနေတဲ့ ပုံရိပ်တွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။
ဒါကို မြင်ပြီး ဆရာတော်ကို မလေးစားဘဲ မနေနိုင်လောက်အောင် ချီးကျူး မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဆရာတော် ရဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ သူရဲကောင်း လုပ်ရပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။