ဗဟုသုတ

ရပ်ကွက်ထဲက မရှိဆင်းရဲသားတွေဆီကို ကားလေးတစ်စီးနဲ့ သွားရောက်ပြီး အခမဲ့ ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦး

Zawgyi







Credit:နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Unicode

ရပ်ကွက်ထဲက မရှိဆင်းရဲသားတွေဆီကို ကားလေးတစ်စီးနဲ့ သွားရောက်ပြီး အခမဲ့ ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦး

ဒေါက်တာ နေစိုးမောင် ဟာ ရပ်ကွက်ထဲက မရှိဆင်းရဲသားတွေဆီကို ကားလေးတစ်စီးနဲ့ သွာရောက်ပြီး ကိုယ်တိုင် ကိုယ်ကျ အခမဲ့ ဆေးကုသပေးနေတယ် လို့သိရပါတယ် ….အသက်(၆၀)ကျော်ပင်စင်ယူပြီးလို့အားလပ်ချိန်တွေမှာဒီလိုအလုပ်တွေလုပ်ပေးနေတာအလွန်လေးစားဘို့ကောင်းပါတယ်…

ကိုယ်တိုင်ကကူညီပေးလို့ရတဲ့ပညာရှိနေခြင်း..ငွေကြေးအတွက်စိတ်ပူရန်မလိုခြင်း..အချိန်ပိုရှိနေခြင်း..စိတ်စေတနာကောင်းမွန်ခြင်း..ငွေကြေးအရဘဲဖြစ်ဖြစ်အချိန်အရဘဲဖြစ်ဖြစ်ဆေးကုရန်ခက်ခဲနေသူများအပေါ်ကိုယ်ချင်းစာစိတ်ရှိခြင်း..

ဒါတွေကြောင့်ယခုလိုလုပ်နိုင်တာပါ..ဘဝကိုခက်ခဲပင်ပန်းစွာဖြတ်သန်းရင်းမိသားစုအတွက်အလုပ်တွေလုပ်နေရလို့မိမိကျန်းမာရေးကိုအလေးမပေးနိုင်သူများအတွက်တန်ဘိုးအလွန်ရှိလှပါတယ်..ဘဝမှာပြည့်စုံတယ်ဆိုတာငွေကြေးချမ်းသာတာထက်ဒါမျိုးလုပ်ပေးနိုင်သူများကိုဆိုလိုတယ်လို့ထင်ပါတယ်..

ဆေးခန်းကို ကားပေါ်တင်၊ ကားဝင်လို့ရတဲ့ ပျံကျ ရပ်ကွက်တွေကို သွားပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ၊ ဆေးပေးခန်း မလာနိုင်တဲ့ လူနာတွေကို အခမဲ့ ဆေးကုသပေးဖြစ်ခဲ့ပါတယ်။ စမ်းသပ်ကြည့်ရှုပြီး ဆေးရုံလွှဲဖို့ လိုတဲ့သူတွေကိုလည်း

လှိုင်သာယာဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ကလေးဆေးရုံ တို့ကို ညွှန်းပို့ လွှဲပေးခဲ့ပါတယ် လို့ ဒေါက်တာ နေစိုးမောင်က ပြောကြားပါတယ်။လေးစားစရာကောင်းတဲ့ ဒီလို ဆရာဝန်တစ်ဦးကို Like & Share လုပ်ပြီး ဂုဏ်ပြုပေးလိုက်ပါအုံးနော်