ဒီနေ့မနက် ၁၂ နာရီ ၄၀ မိနစ်ခန့်ကနေ ကွတ်ခိုင်မြို့မစျေး စတင် လောင်ကျွမ်းခဲ့ပြီးတော့ မြို့နယ် မီးသတ်ဝန်ထမ်းတွေနဲ့ ဒေသခံ လူထုတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁ နာရီခွဲခန့်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆိုင်ခန်းပေါင်း ရာချီရှိတဲ့အထဲက မီးလောင်သွားခဲ့တဲ့ ဆိုင်ခန်းပေါင်း (၃၀)ခန့်ဟာ တိုင်းရင်းဆေးဝါး၊ ဆန်၊ လျှပ်စစ်ပစ္စည်း၊ ခေါက်ဆွဲနဲ့ အထည်ဆိုင်တွေပဲ ဖြစ်ပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကိုမသိရသေးသလို ဆုံးရှုံးခဲ့တဲ့ တန်ဖိုးကိုလည်း မသိရသေးပါဘူး။
အထည်ဆိုင်တစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့ရတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးကတော့ သိန်း(၄၀)ခန့် ဆုံးရှုံးသွားတယ်လို့ ပြောပါတယ်။
ကွတ်ခိုင်မြို့မစျေးဟာ တစ်ခါမှ မီးလောင်မှု ဖြစ်ပွားခဲ့တာ မရှိခဲ့ဖူးဘူးလို့ ဆိုင်ရှင်တစ်ဦးက ဆိုပါတယ်။
မြို့မစျေး မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန်ဟာ စစ်ကောင်စီက ညမထွက်ရအမိန့် သတ်မှတ်ထားတဲ့အချိန်လည်း ဖြစ်နေပါတယ်။