ဗဟုသုတ

အောက်ဆီဂျင်အိုးတွေ မကြာခင် ရောက်ရှိတော့မှာဖြစ်သလို လိုအပ်နေသူတွေကို ကူညီလှူဒါန်းပေးမယ့် ခိုင်နှင်းဝေ

တတိယ လှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကတော့ ဒီရက်ပိုင်းမှာ အရှိန်အဟုန် မြင့်စွာနဲ့ နေရာ တော်တော်များများမှာ ကူးစက်ဖြစ်ပွားလျက်ရှိပါတယ် ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကူးစက်သူတွေ များပြားလာလို့ အောက်ဆီဂျင် မလုံလောက်မှု ပြသာနာ တွေလည်း ကြုံတွေ့နေရပြီး တော်တော်လေး အခက်ကြုံနေရပါတယ် ။

ဒီလို အခက်အခဲတွေကို ပရဟိတအသင်းတွေနဲ့ အလှူရှင်တွေစုပေါင်းပြီး ခုအချိန်မှာ အတတ်နိုင်ဆုံး ဖြေရှင်းနေကြတာပါ ။ အခုလည်း ခိုင်နှင်းဝေက သူမှာယူထားတဲ့ အောက်ဆီဂျင်အိုးတွေ သုံးရက်အတွင်းရောက်တော့မှာ မို့ ပြည်သူတွေကို အားတင်းထားကြဖို့ပြောရင်း လိုအပ်သူတွေကိုလည်း ကူညီလှူဒါန်းပေးမယ့်အကြောင်းကို ရေးသားဝေမျှလာပါတယ် ။

” အားလုံးပဲ ကြိုးစားပြီး အားတင်းထားကြပါဦးရှင်..ကျမ အပါ အဝင် အကုန်လုံးက တတ်နိုင်သလောက် ကြိုးစားပေးနေကြပါတယ်..မှာယူထားသော အောက်ဆီဂျင် အိုးများလဲ ၃ရက် အတွင်း ရောက်ရှိတော့မှာ ဖြစ်ပါတယ်..

ကျမရဲ့ ပရဟိတ ဖုန်းများအား တင်ပေးထားသော်လဲ နှောင့်ယှက်သူများ ၊ စ, နောက်သော သူများကြောင့် ဖုန်းကိုင်ရတာ အဆင်မပြေမှုများစွာ ဖြစ်လာရပါတယ်..ထို့ကြောင့် Messager ကသာ ဆက်သွယ်ပေးကြပါရှင်..

ယခု တပတ် (40)L အိုးကြီး (၅၀) ၊ နောက် အပတ်တွင် 10L အိုး (၁၀၀) ခန့် ရသလောက် မှာယူထားပါတယ်.အောက်ဆီဂျင် အိုးများ ရောက်လာပါက အမှန်တကယ် လိုအပ်နေသူများထံသို့ ရောက်အောင်လဲ လှူပေးသွားပါမယ်ရှင်..

ဖုန်းဆက်မရသည့် လိုအပ်ချက်များ ရှိပါကလဲ နားလည်ပေးကြပြီး Messager ကသာ ဆက်သွယ်ပေးကြပါရှင်.” ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်တွေလည်း ဝမ်းသာရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။