ဗဟုသုတ

ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကို ရင်ဆိုင်နေရတဲ့ ပြည်သူတွေ အတွက် များစွာစိတ်မကောင်းဖြစ်နေရကြောင်း ရင်ဖွင့်လာတဲ့ သင်ဇာဝင့်ကျော်

Covid – 19 ရောဂါ ကူးစက်မှုနှုန်းတွေက မြန်မာနိုင်ငံမှာ တစ်နေ့ထက် တစ်နေ့ ပိုပိုများလာတာကို တွေ့ရပါတယ် ။ သေဆုံးသူတွေ ဆိုရင်လည်း နေရာတိုင်း နေ့တိုင်းလိုလိုဖြစ်နေရာ အဓိကကတော့ ကုသရမယ့် နေရာတွေ မရှိတာနဲ့ အောက်ဆီဂျင် အလုံအလောက် မရတာတွေကြောင့် အသက်တွေ ဆုံးရှုံးနေရတာပါ ။

ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး သင်ဇာဝင့်ကျော်က သူ့အနေနဲ့ များစွာ စိတ်မကောင်းဖြစ်နေကြောင်းဖော်ပြလာပါတယ် ။ ပြည့်သူတွေ အစစ အရာရာ အဆင်ပြေစေဖို့ ဆုတောင်းပေးနေကြောင်းနဲ့ သူကိုယ်တိုင်လည်း စိတ်ပင်ပန်းမှုတွေ များစွာရှိနေကြောင်း ရင်ဖွင့်ပြောကြားလာပါတယ် ။

” အသက်အရွယ်ကြီးတဲ့သူတွေရော လူငယ်တွေရော အသိ သူငယ်ချင်း မိတ်ဆွေတွေရော ခုရက်ပိုင်းဆုံးတာတွေအများကြီးပဲ ဒီရောဂါကြီးကဒီလောက်တောင်ဆိုးရွားလား အားလုံးအတွက်စိတ်မကောင်းတာထက်ပိုတယ် ကိုယ့်အလှည့်မရောက်သေးပေမဲ့ ဘယ်နေ့ရောက်မလဲရောက်မလဲနဲ့ ရင်တထိတ်ထိတ် ဘုရားရှိခိုးဆုတောင်းရုံမှလွှဲပြီးဘာမှမလုပ်ပေးနိုင်တာ တကယ်စိတ်မကောင်းဘူး

သေခြင်းတရားကို မသေခင် ဒုက္ခတွေတသီတတန်းကြီးပေးခံပြီး သေခိုင်းနေသလိုပဲ … ကျန်ခဲ့တဲ့သူတွေရော သွားတဲ့သူတွေပါ အကုသိုလ်စိတ်တွေနဲ့ ကောင်းတဲ့ဘုံဘဝရောရောက်မှာလား?

အသက်ရှင်ဖို့ခက်ခဲသလို အသေဖြောင့်ဖို့လဲခက်ခဲ လိုက်တာ ကျမတို့နေနေတာ လူ့ပြည်ရောဟုတ်သေးရဲ့လား ငရဲပြည်ထက်ဆိုးနေသလိုပဲ နေ့စဉ်စိတ်ပင်ပန်းဆင်းရဲရမှုမျိုးစုံနဲ့ ဘာပဲဖြစ်ဖြစ် မသေခင်အချိန်အထိတော့ရှိတာလေးနဲ့လုပ်စရာရှိတာလေးတွေ လုပ်သင့်တာလေးတွေလုပ် ရင်းအားတင်းထားပါတယ်လေ ဒီကပ်ဆိုးကနေ ကျမတို့မြန်မြန်လွတ်မြှောက်ကြပါစေ အားလုံးပဲအားတင်းထားပါ ” ဆိုတဲ့ စာလေးပဲ ဖြစ်ရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးရင်း အားလုံး ဘေးကင်းကြပါစေနော် ။