ဗဟုသုတ

40 Liter Oxygen အလုံးရေ(၁၀၀)ကို လှူဒါန်းပေးသွားမယ့် Ah Boy

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် Ah Boy ကတော့ လတ်တလောမှာ ပြည်သူတွေလိုအပ်နေတဲ့ အောက်စီဂျင်အတွက် အောက်စီဂျင်အိုး လှူဒါန်းတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Ah Boy ကတော့ လိုအပ်နေတဲ့သူတွေအတွက် သူတတ်နိုင်သလောက် သူရဲ့အကိုလိုခင်ရတဲ့ မိတ်ဆွေတစ်ဦးနဲ့ အလှူအတနန်းတွေကို ပြုလုပ်လေ့ရှိပါသေးတယ်။

အခုတစ်ခေါက်မှာလည်း Ah Boy က အကိုလိုခင်ရတဲ့ သူနဲ့ပဲ အတူတူ ပြည်သူတွေလတ်တလောလိုအပ်နေတဲ့ အောက်စီဂျင်တွေအတွက် 40 Liter Oxygen Cylinder နှင့် ဆက်စပ်ပစ္စည်းအစုံ Set အလိုက်ကို Unit ပေါင်း အလုံး (၁၀၀)တိတိကို လှူဒါန်းပေးသွားဖို့ စီစဉ်နေခဲ့ပါတယ်။

တန်ဖိုးငွေအားဖြင့် သိန်း(၄၀၀)တန်ဖိုးရှိပြီး လတ်တလော အရေးပေါ် Oxygen လိုအပ်နေသော ပြည်သူတွေကို တစ်အိမ်ကို (၇) ရက်နှုန်းနဲ့ အလှည့်ကျ အခမဲ့လိုက်လံ ငှားရမ်းအသုံးပြုခွင့်ပေးမှာပါတဲ့။

လှူဒါန်းမယ့် ပစ္စည်းတွေကတော့ လက်ရှိမှာ ဝယ်ယူထားပြီးဖြစ်တဲ့အတွက် လာမယ့် (၂၀)ရက်နေ့ဝန်းကျင်မှ ရောက်ရှိလာမှာဖြစ်ပြီး ပြည်သူတွေအတွက် သတင်းကောင်းလေးတစ်ခုအဖြစ်နဲ့ ဖော်ပြလာခဲ့တာပါ။ CeleZone ပရိသတ်ကြီးတွေအတွက်လည်း ဒီသတင်းကောင်းလေးကို CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။