ဗဟုသုတ

ကိုဗစ် ရောဂါကို သူကိုယ်တိုင်လည်း ခံစားနေရတာ (၄) ရက်မြောက်ရှိနေပြီဖြစ်ကြောင်း ပြောပြလာတဲ့ ခေးဆက်သွင်

ခေးဆက်သွင်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ပါပဲနော်။ ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးလျက်ရှိနေပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတဲ့ သူမကတော့ ကြော်ငြာတွေများစွာ ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ် ။ ဒီနေ့မှာတော့ စိတ်မကောင်းစရာ သတင်းလေးတစ်ခုကို သူရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ ဝေမျှလာပါတယ် ။

သူကိုယ်တိုင်လည်း ကိုဗစ်ရောဂါ ကို ခံစားနေရတာ လေးရက်မြောက်ရှိနေပြီ ဖြစ်ကြောင်းနဲ့ အနံ့ရော အရသာပါ ပျောက်နေကြောင်း ဝေမျှလာတာဖြစ်ပါတယ် ။ ခေးဆက်သွင်လည်း အမြန်သက်သာပါစေ ဆုတောင်းပေးရင်း ဒီသတင်းလေးကို ဝေမျှပေးလိုက်ပါတယ် ။