ဗဟုသုတ

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရန် ၉ ရက်ဆက်တိုက် အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ကြေညာ

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့အတွက် အများပြည်သူ အလုပ်ပိတ်ရက်ကို ဇူလိုင် ၁၇ ရက်ကနေ ၂၅ ရက်နေ့အထိ တဆက်တည်းပိတ်ရက်အဖြစ် စစ်ကောင်စီက ကြေညာပါတယ်။

ဇူလိုင် ၁၇၊ ၁၈ နဲ့ ၁၉ ရက်တို့ဟာ စနေ၊ တနင်္ဂနွေနဲ့ အာဇာနည်နေ့ဖြစ်ပြီး ဇူလိုင် ၂၁ ရက်ကတော့ အီဒုလ်အသွဟာ (ကုရ်ဘာနီအီးဒ်နေ့) ဖြစ်ပါတယ်။

ဇူလိုင် ၂၃၊ ၂၄ နဲ့ ၂၅ ရက်နေ့တို့ကတော့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နဲ့ စနေ၊ တနင်္ဂနွေနေ့ အများပြည်သူအလုပ်ပိတ်ရက်တွေဖြစ်ပါတယ်။

ဒီလို ပိတ်ရက်တွေ ရှိနေတာကြောင့် ကိုဗစ်-၁၉ ကို ထိထိရောက်ရောက် ကာကွယ် ထိန်းချုပ်နိုင်ဖို့အတွက် ဇူလိုင် ၂၀ ရက်နေ့နဲ့ ၂၂ ရက်တို့ကိုလည်း အများပြည်သူ အလုပ်ပိတ်ရက်အထိသတ်မှတ်ပြီး ဇူလိုင် ၁၇ ရက်ကနေ ၂၅ ရက်နေ့အထိ တဆက်တည်း ပိတ်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။