ဗဟုသုတ

5 နှစ်အရွယ်ကတည်းက သူဋ္ဌေးကြီးရဲ့မွေးစားခြင်းကိုခံခဲ့ရလို့ မိဘအရင်းတွေကိုပါ ကြွယ်ဝချမ်းသာစေခဲ့တဲ့ ကလေးမလေး

အသက် ၅ နှစ်အရွယ် Breanna Youn အမည်ရှိအမျိုးသမီးဟာ ကိုရီးယားနှင့်ဖိလစ်ပိုင် ကပြားလူမျိုးဖြစ်ပါတယ်။

သူမရဲ့ဖခင်က ကိုရီးယားဖြစ်ပြီး သူမရဲ့မိခင်မှာ ဖိလစ်ပိုင်လူမျိုးဖြစ်ပါတယ်။Breanna ဟာ မွေးဖွားချိန်ကတည်းက လှပတဲ့အသားအရေနှင့် ချစ်စရာကောင်းတဲ့မျက်နှာပုံစံရှိပါတယ်။

သူမရဲ့ မိဘများက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှာ ပင်လယ်စာပို့ကုန်လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ သူမရဲ့နောက်ခံက အတော်လေး ကောင်းပြီး Breanna ရဲ့အမေက

ချစ်စရာလေးကောင်းတဲ့ Breanna ရဲ့ကြီးထွားလာမှုကိုမှတ်တမ်းတင်ဖို့ Instagram မှာ သူမရဲ့နေ့စဉ်ဓာတ်ပုံများကို မကြာခဏတင်လေ့ရှိပါတယ်။ Breanna Youn ဟာ “show baby show” ပွဲပြီးနောက် ချက်ချင်းကျော်ကြားလာခဲ့ပါတယ်။

Daily Mail သတင်းစာအရ Breanna မှာ ပရိသတ် ၁ သန်းကျော်ရှိပြီး ပရိသတ်အများစုက အရှေ့အလယ်ပိုင်းမှဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းရှိပရိသတ်များဟာ အလွန်ရက်ရောကြပါတယ်။

Breanna ဟာ LV, Chanel, Gucci စတဲ့ဇိမ်ခံပစ္စည်းအမျိုးမျိုးကို ပရိသတ်များထံမှ မကြာခဏရလေ့ရှိပါတယ်။သူမရဲ့ ပရိသတ်အများစုမှာ ဒူဘိုင်းမှာနေထိုင်တယ် လို့ပြောလို့ရပါတယ်။

ထို့အပြင် ချမ်းသာကြွယ်ဝတဲ့သူဌေးဟာ Breanna Youn ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်နေခဲ့ပြီး သူ့ရဲ့ “idol” ကို ဇိမ်ခံပစ္စည်းများလုံလောက်စွာပေးပြီးနောက် သူမရဲ့မိသားစုကိုလည်း ဒူဘိုင်းသို့ အပျော်ခရီးထွက်ရန် ဖိတ်ကြားခဲ့ပါတယ်။

အဆိုပါသူဌေးဟာ ကိုယ်ပိုင်ဂျက်လေယာဉ်များ၊ ဇိမ်ခံကားများနှင့် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်များဖြင့် Breanna ရဲ့မိဘများအား သူ့ရဲ့ဘဏ္ဍာရေးအရင်းအမြစ်ကို ပြသခဲ့ပြီး သူဟာ သူတို့ရဲ့သမီးကို မွေးစားလိုကြောင်း Breanna ရဲ့မိဘများထံ တင်ပြခဲ့ပါတယ်။

ရလဒ်အနေနဲ့ Breanna ရဲ့မိဘများဟာ သဘောတူညီခဲ့ကြပြီး နောက် အဆိုပါဒူဘိုင်းသူဌေးဟာ Breanna ရဲ့ဖခင်ဖြစ်လာခဲ့ပါတယ်။Breanna မှာ တခြားဒူဘိုင်းညီအစ်ကိုသုံးဦးလည်း ရှိနေပါတယ်။

ထို့နောက် နှစ်တွေကြာလာတဲ့အခါ Breanna ရဲ့မိဘအရင်းများကလည်း ဒူဘိုင်းသို့ပြောင်းရွှေ့ခဲ့ပါတယ်။အဆိုပါသူဌေးက Breanna ရဲ့မိသားစုကို ဇိမ်ခံအိမ်ကြီးတစ်လုံးကိုပေးခဲ့တဲ့အပြင် နေ့စဉ်စီးနင်းရန် ဇိမ်ခံကားများ၊ အကောင်းဆုံးအစားအစာများ၊ နာမည်ကြီးအမှတ်တံဆိပ်အဝတ်အစားများနှင့် နာမည်ကြီးအမှတ်တံဆိပ်ကုန်ပစ္စည်းများစွာကို ပေးခဲ့ပါတယ်။လူမှုကွန်ယက်များပေါ်ရှိ Breanna ရဲ့ဘဝဟာ “စူပါအနုပညာရှင်” တစ်ဦးနှင့် ပို၍ပင် တူလာခဲ့ပါတယ်။

ထို့အပြင် Breanna ဟာ သူမရဲ့ယုံကြည်ကိုးကွယ်တဲ့ဘာသာကို ပြောင်းလဲခဲ့ပြီး မွတ်စလင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။Breanna ဟာ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းလူမျိုးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူမဟာ အနက်ရောင်အဝတ်အစားကို နေ့စဉ်ဝတ်ဆင်လာခဲ့ပြီး ကြီးပြင်းလာတာနှင့်အမျှ Breanna ဟာ ငယ်စဉ်က ကဲ့သို့ပင် လူမှုရေးကွန်ရက်ရဲ့လွတ်လပ်မှုကို ခံစားခွင့်မရှိတော့ပါဘူး။ထို့နောက် Breanna ဒူဘိုင်းရဲ့အယူအရ အရွယ်ရောက်မိန်းကလေးတစ်ဦးဟာ လုံလုံခြုံခြုံသာ ဝတ်ဆင်လာကာ ပေါ်ထင်စွာ မနေထိုင်ရတော့ပါဘူး။

ယခင်က social media မှာ သန်းပေါင်းများစွာသောပရိသတ်များရှိနေတဲ့ Breanna က ယခုမှာတော့ ဝင်ငွေနှင့် ပတ်သက်ပြီး အထူးသလည် စိုးရိမ်နေစရာအကြောင်း မရှိတော့ပါဘူး။

ထို့ကဲ့သို့သော ချမ်းသာကြွယ်ဝမှုမျိုးက လူများစွာရဲ့ တစ်သက်တာမှာ မရနိုင်တဲ့ဇိမ်ခံပစ္စည်းဖြစ်ကြောင်းလည်း သူမအတွက် ငြင်းနေစရာအကြောင်း မရှိတော့ပါဘူး။

လက်ရှိမှာတော့ သူမဘဝရဲ့အဖြစ်မှန်ကို အင်တာနက်အသုံးပြုသူများစွာက သိခဲ့ရပြီး သူမကို အားကျနေသူများလည်း ရှိသလို သူမရဲ့မိဘအရင်းကိုလည်း အပြစ်တင်ရှုတ်ချထားကြသူများလည်း ရှိနေခဲ့ပါတယ်။

Unicode