ဗဟုသုတ

ဘဝမှာ အောင်မြင်ဖို့အတွက် လုပ်ဆောင်ရမယ့် အချက် (၇) ချက်

အောင်မြင်ဖို့အတွက် အဓိက အကြောင်းရင်းက စိတ်ဓာတ်စွမ်းအားပဲဖြစ်ပါတယ်။ သင်ပိုင်ဆိုင်သမျှ စွမ်းအားတွေထဲမှာ ခွန်အားအရှိဆုံးစွမ်းအားတစ်ခုပါ။ ဒီစွမ်းအားထဲမှာ သင့်ရဲ့ အတွေးတွေက အဓိက ကျပါတယ်။

သင့်ခေါင်းထဲက ဖြတ်သန်းသွားသမျှ အတွေးတိုင်းဟာ သင့်ဘဝမှာ ဖြစ်ပျက်သွားသမျှ အရာအားလုံးရဲ့ ဖန်တီးရှင်ပါဆိုရင်ရော သင်လက်ခံနိုင်ပါသလား။

သင့်ခေါင်းထဲမှာ တွေးနေတဲ့ အတွေးတွေက သင့်ရဲ့ အကျင့်စရိုက်၊ သဘေ ာထား၊ သင့်ရဲ့ လုပ်ရပ်တွေနဲ့တုံ့ပြန်မှုတွေ

အားလုံးအပေါ် လွှမ်းမိုးမှု ရှိပါတယ်။ သင့်အတွေးတွေ အတိုင်း သင့်ဘဝက ဖြစ်လာပါတယ်။

ဒီတော့ မိတ်ဆွေ တွေးတဲ့ အတွေးတွေကို ဂရုစိုက်ဖို့ ပြောရင်း အောက်မှာ ရှိတဲ့ အချက်လေးတွေကို လုပ်ဆောင်ကြည့်ပါ။

၁။ နေ့စဉ်နှင့်အမျှ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့အတူ တိုးတက်ကြီးထွားလာအောင် ရှင်သန်နေထိုင်ပါ။

၂။ စနစ်တကျလုပ်ဆောင်တတ်စေဖို့ ကြိုတင်စီမံမှုတွေ ပြုလုပ်ပါ။

၃။ တခြားသူတစ်ယောက်ရဲ့ အကြံဉာဏ်ပေးမှုကို စောင့်ဆိုင်းမနေပါနဲ့။

၄။ အခွင့်အလမ်းတွေ အတွက် အပျော်အပါးတွေကို စွန့်လွှတ်တတ်ပါစေ။

၅။ ရင့်ကျက်ဖို့ အရှုံးမပေးပါနဲ့။

၆။ ဦးစားပေး လုပ်ဆောင်ရမဲ့ အရာတွေကို အစီအစဉ် ရေးဆွဲပါ။

၇။ အိမ်မက်မက်ပါ ၊ အိမ်မက်တွေကို ပုံဖော်ပါ။

ကဲ… စာဖတ်မိတ်ဆွေတို့ရေ…

အောင်မြင်ချင်တယ် ဆိုရင်တော့ ဘာမှ စဉ်းစားမနေတော့ဘဲနဲ့ ချက်ချင်း Action ယူလိုက်ကြရအောင်။

Unicode