မြန်မာပြည်သူတွေအနေနဲ့ လတ်တလောအချိန်မှာ စစ်ဘေးဒုက္ခတွေအပြင် Covid 19 ကူးစက်ရောဂါတွေကြောင့် လူတိုင်းလိုလို စိုးရိမ်ပူပန်မှုတွေနဲ့ သောကရောက်နေကြရတာ ဖြစ်ပါတယ်..။
ရောဂါကူးစက်မှုတွေများပြားနေပြီး သရုပ်ဆောင်လမင်းကဗျာကလည်း သူမအပါအဝင် မိသားစုဝင်တွေ ကိုဗစ်ရောဂါကူးစက်ခံထားရလို့ မိဘတွေအတွက် စိတ်ပူနေတဲ့အကြောင်းတွေ ပြောပြလာပါတယ်..။
မိသားစု(၄)ယောက်မှာ သူမနဲ့မိခင်ဖြစ်သူအပါအဝင်(၃)ယောက်က ကူးစက်ခံထားရပြီး အသက်(၇၀)ကျော် ဖခင်ဖြစ်သူမှာ ကူးစက်မခံရသေးပေမယ့် TB ရောဂါဖြစ်ဖူးလို့ အဆုတ်မကောင်းတဲ့အတွက် စိတ်ပူနေတာ ဖြစ်ပါတယ်..။
လက်ရှိမှာ ဖခင်ကြီးကို ကိုဗစ်ကူးစက်ခံထားရသူတွေနဲ့ ခွဲထားဖို့ စီစဉ်ပေမယ့်လည်း မိသားစုတွေနဲ့သာ အတူနေချင်တဲ့ ဖခင်ရဲ့ စိတ်ဆန္ဒကြောင့် ခွဲထားလို့အဆင်မပြေတဲ့အကြောင်းတွေကိုလည်း လမင်းကဗျာက ပြောပြထားပါသေးတယ်..။
“မိသားစု ၄ယောက်မှာ 3ယောက် ဖြစ်သွားပီ
အသက် ၇၀ ကျော် အဖေကို ဘယ်နားသွားထားရမလဲ မသိဘူး Hotel နေမလားဆိုတော့လဲ မနေဘူးတဲ့
ဖေကြီး ဖြစ်လို့မရဘူး သူက TB ဖြစ်ဖူးတယ် အဆုတ်လုံးဝမကောင်းဘူး😫
ငါရူးချင်ပီ🤧..” ဆိုပြီး လမင်းကဗျာက ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။
သူမရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးသူမိတ်ဆွေတချို့ကလည်း အကြံပေးရင်း အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။