ဒီပုံတင်ရတာ တကယ်စိတ်မကောင်းဘူးဗျာ
ဒီနေ့ အဖေ့ကိုဆေးခန်းပြဖို့သွားရင်း ကိုယ့်အရှေ့တင်ဖြစ်သွားတာပါ
အဒေါ်ကြီးတစ်ယောက် ဘေးကသူ့သားလေးပါ
ရုတ်တရက် O2ပြတ်ပြီး အသက်ဆုံးရှုံးသွားခဲ့ရတယ်
အသက်ကတော့ ၄၈ ဝန်းကျင်ပါ
ဒီနေ့မှ ကိုဗစ်လာစစ်တယ် pတဲ့
စစ်ပြီးမကြာဘူး အသက်ရှူကြပ်ပြီး ဆုံးသွားတယ် သူမသေခင် ဘယ်လိုအခြေအနေဖြစ်ခဲ့မလဲဆိုတာ မြေကြီးပေါ်ခင်ထားတာကိုပဲကြည့်ပါဗျာ
သားဖြစ်သူမှာ ”ကျွန်တော့်အမေကိုကယ်ကြပါဦးဗျာ” အော်နေခဲ့ပေမယ့် ဘယ်သူမှမကယ်ပေးနိုင်ခဲ့ဘူး
”အမေ အမေ”လို့ အဆက်မပြတ် သူအော်ငိုနေတာကိုကြည့်ပြီး ကိုယ့်အမေသာဆို ကိုယ်ဘယ်လိုခံစားရမလဲဆိုပြီး မျက်ရည်ကျခဲ့ရတယ်
တကယ်ဖြစ်ရင် ဘယ်သူ့ကိုမှ အကူညီတောင်းဖို့ဆိုတာ မလွယ်ကူပါဘူး မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့သာ အဓိကပါ
ဒီနေ့အတွက် တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ် တကယ်ကိုကြောက်စရာကောင်းပါတယ်ဗျာ
အားလုံးပဲ အထူးဂရုစိုက်ဖို့လိုနေပါပြီ