ဗဟုသုတ

ဧရာဝတီတိုင်းအတွင်းရှိ မြို့ကြီးအချို့တွင် COVID-19 ကြောင့် စံချိန်တင်လူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ ကြီးအချို့တွင် COVID-19 ရောဂါကြောင့် နေ့စဉ်စံချိန်တင်လူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီး အောက်ဆီဂျင်ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးအတွင်း လူသေဆုံးမှုအ များဆုံးမှာ ပုသိမ်မြို့ဖြစ်ပြီး ဒေသခံလူမှုရေး အသင်းအဖွဲ့တစ်ခုဖြစ်သည့် မနောဖြူလူမှုကူ ညီရေးအသင်း၏ နေ့စဉ်ကိုဗစ်လူနာများကို သင်္ဂြိုဟ်ပေးနေရသည့်စာရင်းများအရ ဇူလိုင် ၁၃ ရက်တွင် စံချိန်တင် ၂၉ ဦးအထိ အသက် ဆုံးပါးခဲ့ကာ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၁၃ ရက် အထိ သေဆုံးသူ ၁၅၁ ဦးအထိရှိလာပြီဖြစ်ကာ ဇူလိုင် ၁၀ ရက်မှ စတင်ပြီး နေ့စဉ် ၂၀ ထက်မ နည်း အသက်ဆုံးပါးနေကြောင်း သိရသည်။

အတည်ပြုလူနာစာရင်းကိုမူ ဆိုရှယ်မီဒီယာများပေါ်တွင် ယခင်ကကဲသို့ ထုတ်ပြန် ခြင်းမရှိတော့ဘဲ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း မအားလပ်မှုများကြောင့် သီးခြားအတည်ပြု နိုင်ခြင်းမရှိခဲ့ပါ။

မြို့ပေါ်တွင် နေအိမ်များတွင် နေထိုင် ကာ ဆေးဝါးကုသနေသူများ များစွာဖြစ်ပေါ် နေပြီး COVID-19 ဖြင့် သေဆုံးသူများစာ ရင်းတွင် နေအိမ်များတွင် နေထိုင်ကာ ဆေးဝါး ကုသရင်း အသက်ဆုံးသူများပါ ပါဝင်နေခြင်း အားဖြင့် သိရသည်။

ဒုတိယအများဆုံး လူသေဆုံးမှုဖြစ်ပေါ် နေသည့်မြို့မှာ မြောင်းမြမြို့ဖြစ်ပြီး ဇူလိုင် ၁၄ ရက် မွန်းတည့် ၁၂နာရီအထိ အချက်အလက် များအရ သေဆုံးသူ ၂၄ ဦးအထိ ရှိလာပြီဖြစ် ကြောင်း ဒေသခံလူမှုရေးအသင်းများထံမှ သိရသည်။

“အခုက လိုက်လည်း မစစ်နိုင်တော့ဘူး။စစ်သမျှ အကုန်ထွက်နေတာ။ ဆေးရုံမှာလည်း ဆရာဝန်တွေကအစ အကုန်ကူးနေတယ်။ဆေးရုံကြီး၊ သူနာပြုနဲ့ ဂုန်နီစက်ရုံဆေးရုံ သုံးခု မှာလည်း အောက်ဆီဂျင်ပေးဖို့လည်း မလောက် ဘူး။ Quarantine လည်း မထားနိုင်တော့ဘူး။ Q ထွက်ပြီး အိမ်ပြန်သွားသူတွေလည်း အများ ကြီးပဲ” ဟု လူမှုရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ညောင်တုန်းမြို့တွင်လည်း ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူကိုးဦးအထိရှိ လာပြီဖြစ်ကာ မြို့နယ်တိုင်းတွင် လူသေဆုံးမှု များ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဆေးဆိုင်များတွင် ဆေးများဝယ်ယူမရခြင်းများပါ ကြုံတွေ့ နေရသည်။ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာ နက ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့ကို Stay at Home အ ဖြစ် သတ်မှတ်ထားသည်။