ကပ္ႀကီး သုံး ပါး ေက်ာ္လႊားႏိုင္ေစ ဖို႔ မင္းကြန္းဆရာေတာ္ႀကီး ၏ မိန႔္မွာ ခ်က္မ်ား
၁)။ သူ တကာေတြ ေလာဘႀကီးေသာ္လည္းမိမိက #ေလာဘမႀကီးေအာင္ေနပါ။
ထိုသို႔ေနလွ်င္ သူတကာငတ္မြတ္ေခါင္းပါးျခင္း(ဒုဗၻိကၡႏၲရာယ္)ေဘးသင့္ေရာက္ေသာ္လည္း မိမိမွာထိုေဘးမွ လြတ္ေျမာက္မည္။
(၂)။ သူတကာေတြ ေဒါသႀကီးေသာ္လည္းမိမိက #ေဒါသမႀကီးေအာင္ေနပါ။
ထိုသို႔ေနလွ်င္ သူတကာ လက္နက္ေဘးဆိုး အႏၲရာယ္(သတၱႏၲရကပ္)ဆိုက္ေရာက္ေသာ္လည္းမိမိမွာ ထိုေဘးမွ လြတ္ေျမာက္မည္။
(၃)။ သူတကာေတြ ေမာဟႀကီးေသာ္လည္းမိမိေကေေေမာဟမႀကီးေအာင္ေနေမ
ထိုသို႔ေနလွ်င္ သူတကာ အနာေရာဂါေဘးဆိုး(ေရာဂႏၲရကပ္)ဆိုက္ေရာက္ေသာ္လည္းမိမိမွာ ထိုကပ္ေဘးမွ လြတ္ေျမာက္မည္။လြတ္ေျမာက္မည္။
ဤကား ေက်းဇူးေတာ္ရွင္မစိုးရိမ္ဆရာေတာ္ဘုရားႀကီး အၿမဲမျပတ္ ဆိုဆုံးမေလ့ရွိေသာ ၾသဝါဒ ျဖစ္သည္။
ယေန႔ ယခု မ်က္ေမွာက္ အခ်ိန္အခါသည္ကား ထိုၾသဝါဒအတိုင္းလိုက္နာက်င့္သုံးရန္ အခ်ိန္တန္ေနၿပီျဖစ္၍ …
(၁)။ ေလာဘမႀကီးရန္ မိမိတတ္ႏိုင္သမွ်စြန႔္ႀကဲ ေပးကမ္း လႉဒါန္းပါ။ (ဒါန၊ စာဂ)
(၂)။ ေဒါသမႀကီးရန္ သတၱဝါအားလုံးတို႔အား ေမတၱာတရား ပြားမ်ားပို႔သပါ။(ေမတၱာ ဘာဝနာ)
(၃)။ ေမာဟမႀကီးရန္ ႐ုပ္နာမ္ဓမၼ သခၤါရတို႔၏ အနိစၥ ၊ ဒုကၡ၊ အနတၱ သေဘာကိုအခ်ိန္ရသမွ် ဆင္ျခင္ပါ။ (ဝိပႆနာဘာဝနာ)
တိပိဋကဓရ၊တိပိဋကေကာဝိဒ ဓမၼဘ႑ာဂါရိကေက်းဇူးေတာ္ရွင္ မင္းကြန္းဆရာေတာ္ဘုရားႀကီး။
Unicode
ကပ်ကြီး သုံး ပါး ကျော်လွှားနိုင်စေ ဖို့ မင်းကွန်းဆရာတော်ကြီး ၏ မိန့်မှာ ချက်များ
၁)။ သူ တကာတွေ လောဘကြီးသော်လည်းမိမိကလောဘမကြီးအောင်နေပါ။
ထိုသို့နေလျှင် သူတကာငတ်မွတ်ခေါင်းပါးခြင်း(ဒုဗ္ဘိက္ခန္တရာယ်)ဘေးသင့်ရောက်သော်လည်း မိမိမှာထိုဘေးမှ လွတ်မြောက်မည်။
(၂)။ သူတကာတွေ ဒေါသကြီးသော်လည်းမိမိကဒေါသမကြီးအောင်နေပါ။
ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး အန္တရာယ်(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။
(၃)။ သူတကာတွေ မောဟကြီးသော်လည်းမိမိကေေေမောဟမကြီးအောင်နေမေ
ထိုသို့နေလျှင် သူတကာ အနာရောဂါဘေးဆိုး(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်းမိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည်။လွတ်မြောက်မည်။
ဤကား ကျေးဇူးတော်ရှင်မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသော သြဝါဒ ဖြစ်သည်။
ယနေ့ ယခု မျက်မှောက် အချိန်အခါသည်ကား ထိုသြဝါဒအတိုင်းလိုက်နာကျင့်သုံးရန် အချိန်တန်နေပြီဖြစ်၍ …
(၁)။ လောဘမကြီးရန် မိမိတတ်နိုင်သမျှစွန့်ကြဲ ပေးကမ်း လှူဒါန်းပါ။ (ဒါန၊ စာဂ)
(၂)။ ဒေါသမကြီးရန် သတ္တဝါအားလုံးတို့အား မေတ္တာတရား ပွားများပို့သပါ။(မေတ္တာ ဘာဝနာ)
(၃)။ မောဟမကြီးရန် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ သဘောကိုအချိန်ရသမျှ ဆင်ခြင်ပါ။ (ဝိပဿနာဘာဝနာ)
တိပိဋကဓရ၊တိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိကကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရားကြီး။