ဗဟုသုတ

မိခင်က ရောဂါအပြင်းအထန်ဖြစ်လို့ အရေးပေါ်ခွဲစိတ်ပြီး မွေးဖွားလိုက်ပေမယ့် အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ကြိုးစားရှင်သန်နေကြရတဲ့ မွေးကင်းစအမွှာကလေးနှစ်ယောက်

ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ ဒေါတနောကျေးရွာလေးက မွေးကင်းစအမွှာကလေးနှစ်ယောက်ကတော့ လူ့လောကထဲကို ဝင်ရောက်လာလာချင်းမှာပဲ မိဘမဲ့ကာ အသက်ကိုတောင် ကြိုးစားရုန်းကန်ပြီး ရှင်သန်နေကြရပါတယ်..။

ကလေးငယ်လေးတွေဟာ (၆)လပြည့်ပြီး (၇)လ ဝင်စလေးနဲ့ မိခင်ဗိုက်ထဲကနေ အပြင်လောကကို ထွက်လာခဲ့ရတာကြောင့် လေတောင်မရှူတတ်သေးသလို နှစ်ယောက်လုံး ကိုယ်အလေးချိန်ကလည်း 1 Kg (၂ ပေါင်) စီပဲ ရှိကြတယ်လို့ သိရပါတယ်..။

မိခင်ဖြစ်သူက ဌက်ဖျားရောဂါအပြင်းအထန်ဖြစ်ပြီး လမစေ့သေးဘဲ အရေးပေါ်ခွဲစိတ်မွေးဖွားလိုက်ရတာကြောင့် မွေးပြီးပြီးချင်းမှာပဲ ဆုံးပါးသွားခဲ့သလို ကလေးတွေမှာလည်း အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ အသက်လုရှူနေကြရပြီး လက်ရှိမှာ အခက်အခဲတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်..။

ပစ္စည်းကိရိယာမပြည့်စုံတဲ့ နယ်မြို့ဆေးရုံမှာ မွေးဖွားခဲ့ပြီး အသက်ဆက်နိုင်ဖို့အတွက် လွိုင်ကော်ဆေးရုံကြီးကို သွားရင်း oxygen တပ်ထားရင်းတန်းလန်း အသက်ရှု ရပ် ရပ် သွားလို့ (အသက်ပြန်ရှူနိုင်အောင်) လှုပ်လှုပ်နှိုးပြီး သွားခဲ့ရပါတယ်..။ ဆေးရုံကြီးရောက်ပြန်တော့လည်း ကလေးအထူးကုဆရာဝန်ကြီးက စက်တွေ ကိရိယာတွေတပ် ဆေးတွေ သုံး/လေးလုံးထိုးပြီး အသက်ဆက်ဖို့ ကျားကန်ပေးထားရတယ်လို့ ဆိုပါတယ်..။

မိခင်ဗိုက်ထဲမှာပဲ နေရဦးမယ့်အရွယ်လေးမှာ မွေးလာရတာကြောင့် အဆုတ်နဲ့ အစာအိမ်တို့က ကောင်းကောင်းအလုပ် မလုပ်နိုင်သေးတဲ့အတွက် အသက်ရှူဖို့မေ့ပြီး ရပ်ရပ်သွားလို့ Oxygen အမြဲတမ်းပေးထားရသလို နို့မတိုက်ဘဲ ၂၄ နာရီ ဆေးသွင်းထားရတယ်လို့လည်း စိတ်မကောင်းစွာ သိရပါတယ်..။

အမွှာလေးတွေ အသက်ဆက်ရှင်ဖို့အတွက် ဆေးရုံမှာ နှစ်လ သုံးလ လောက်ထားရမှာမို့ ငွေကုန်ကြေးကျများပြီး အချို့ဆေးဝါးတွေကို ဆေးရုံက လှူဒါန်းနိုင်ပေမယ့် ခုလိုကာလမှာ Oxygen အတွက်တော့ လူနာရှင်တွေက ကိုယ့်ဘာသာ စီစဉ်ရမှာဖြစ်တာကြောင့် စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေလည်း လိုအပ်နေတာ ဖြစ်ပါတယ်..။

လတ်တလောမှာတော့ အမွှာကလေးနှစ်ယောက်ကို ကယားပြည်နယ် YGW ပရဟိတမိဘမဲ့ကျောင်း က ဆရာတော်ကြီးက တာဝန်ယူစောင့်ရှောက်ပေးနေတာ ဖြစ်ပြီး လူ့လောကထဲကို ရောက်ရောက်ချင်းမှာပဲ အသက်ရှင်ဖို့အတွက် ရုန်းကန်နေကြရတဲ့ အမွှာသားလေးတွေအတွက် Special nurse – Day (15,000)၊ Night (15,000) ၊ Oxygen (၁ အိုး) – 17,000 ဖြင့်ဖြစ်စေ မိမိတို့ တတ်စွမ်းသမျှကို

0373 0103 7013 9210 1 (KBZ)

0169 6005 0000 8427 (CB)

09444930169

(Wave Money account, KBZ pay) မှာ ကုသိုလ်ယူလှူဒါန်းနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။