ဗဟုသုတ

“အောက်စီဂျင်ကျနေတဲ့ ကိုဗစ်လူနာတွေအတွက် သတိထား ရှောင်ရှားရမည့် အစားအသောက်များ”

🚨🚨ကိုဗစ်မှာ ​ရှောင်သင့်တဲ့အစာများ။🚨🚨

(ဒီစာဟာ SPO2 , အောက်စီဂျင်ကျဆင်းပြီး အသက်ရှုကျပ်လာတဲ့ လူနာသီးသန့်အတွက် အကြံပြုရေးပေးထားတဲ့စာပါနော်…Covid infection ဖြစ်ပြီး ထွေထွေမခံစားရတဲ့လူနာတစ်ယောက်အတွက်ရည်ရွယ်ရေးသားထားခြင်းမဟုတ်ပါဘူးနော်…O2 ကျမသွားဘူး အသက်ရှုကျပ်မနေဘူးဆိုရင် ကြိုက်တာစားကြပါ မပြောလိုပါ)

ကိုဗစ်ဖြစ်လို့ အောက်ဆီဂျင်ကျနေတဲ့အခါမှာ အားရှိအောင်ဆိုပြီး နွားနို့တိုက် Ensure တိုက် ပတ်နို့တိုက်နေကြတာ တွေ့လို့ပါ။

အဆုတ်လုပ်ဆောင်ချက်တွေ မကောင်းတဲ့အခါမှာ အားရှိအောင် များများစားပါ၊ သောက်ပါ ပြောနေတာက အဆုတ်သန့်အောင် အဆုတ်ပြန်ပြီး အားရှိအောင် စားဖို့ သောက်ဖို့ ပြောတာပါ။

နို့ဆိုတာ ချွဲထစေတဲ့အရာတွေပါ။ အောက်ဆီဂျင်တအားကျနေတဲ့အချိန်မှာ အပူအစပ် ချွဲထစေတဲ့အစားအစာတွေဟာ လူနာကို မိနစ်ပိုင်းအတွင်း အသက်ရှူ ရပ်ပြီး သေစေတာပါ။

တချို့က အောက်ဆီဂျင်ကျနေမှန်း သိသိနဲ့ မနက်စာကို မိုင်လို အိုဗာတင်း ကော်ဖီမစ် တီးမစ်တွေနဲ့ အငန်မုန့်၊ ကိတ်မုန့်တွေနဲ့ အားရှိအောင် စားပြီး မိနစ်ပိုင်းအတွင်း အောက်ဆီဂျင်ထိုးကျ သေပါတယ်။

တချို့ကျ ကော်ဖီမှုန့်စစ်စစ်နဲ့ နွားနို့သောက်ပြီး ရင်ဘတ်တွေ ဆူးပြီး အောင့်လာ ကျပ်လာပြီး မိနစ်ပိုင်းအတွင်း အသက်ရှူရပ် သေပါတယ်။

ကိုဗစ်ဖြစ်ရင် စားရမည့်အားရှိစာတွေဆိုတာ အချွဲ့မထ အဆုတ်သန့်စေတဲ့ ကြက်ပေါင်းရည်ပါ။ ကြက်ဥပါ။

ချွဲထစေတဲ့ အစာတွေ စားပြီး သေနေတာတွေ မြင်ရတာ အတော်စိတ်မကောင်းဘူး။ ကိုဗစ်နဲ့ မတည့်စာတွေကို ရှောင်နိုင်လေ အသက်ရှင်ဖို့ များလေဆိုတာ သဘောပေါက်ကြဖို့ လိုမယ်။

အခု အောက်ဆီဂျင်တပ်ရတဲ့သူတွေဟာ ရောဂါအခံရှိထားသူတွေအပြင် အများစုက အစားအသောက်နည်းမှားတွေနဲ့ စားသောက်ကြပြီး နေ့ချင်းညချင်းဆိုသလို ရောဂါဆိုးလာပြီး အောက်ဆီဂျင်ကျတဲ့သူတွေ များလာတာပါ။

Credit….Aung Kyaw Oo

ရွှေဖြူးသား