ကိုဗစ် positive ဖြစ်ခဲ့လျှင်မကြောက်ပါနှင့်
ကိုယ့်ရဲ့ကိုယ်တွေ့လေးကိုမျှဝေပေးတာပါ
စဖြစ်တုံးက ဖြစ်ဖြစ်ချင်းကိုယ်နည်းနည်းနွေးပြီးဖျားချင်သလိုဖြစ်လာတယ်
ချမ်းစိမ့်စိမ့်ဖြစ်လာတယ်
နောက်တော့ အနံ့ပါပျောက်သွားတယ်(၅ရက်လောက်)
အဆိုးဆုံးကတော့ တစ်ကိုယ်လုံးနှုန်းပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်သွားတယ်(နှစ်ရက်လောက်လုံးဝမထနိုင်ပါ)
အစားအသောက်လည်းပျက်လာတယ်
အသက်ရှူလို့လည်းမကောင်းပါ(အသက်ဝအောင်ရှူလိုက်တိုင်းချောင်းဆိုးတာအရမ်းပဲ)
အောက်ဆီဂျင်တော့ မကျဘူး
အရမ်းပင်ပန်းပြီး အိပ်ရေးပျက် ကိုယ်ခံအားကျတဲ့အချိန်မှာ ကိုဗစ်ကတန်းဝင်တာပဲ👿👿👿
ဖြစ်ဖြစ်ချင်းကိုယ့်ဖာသာ သီးသန့်အခန်းမှာနေပါတယ်
လေကောင်းလေသန့်ရတဲ့နေရာမှာ မနက်နဲ့ ညတိုင်းလေကိုအဆုတ်ထဲဝင်အောင် ၁၅မိနစ်လောက်ရအောင်ရှူပါတယ်(အစပိုင်းတော့ ရှူလိုက်တိုင်းချောင်းဆိုးတာ)
ရေနွေးကြမ်းပူပူလေးကို ဝင်နိုင်သလောက် တစ်နေကုန်သောက်ပါတယ်
Zincovit တစ်နေ့တစ်ကြိမ်သောက်ပါတယ်
အရမ်းပူစပ်တဲ့ပုရုတ်ဆီကိုအမြဲရှူပါတယ်
အစာမစားချင်သော်လည်း ဝင်အောင်စားပါတယ်
ကိုယ်ကအမြဲတန်းအိပ်ရေးပျက်တဲ့အတွက် အိပ်ရေးဝအောင်ပြန်အိပ်ပေးပါတယ်
အရေးကြီးဆုံးက ကတော့ ကိုယ်လက်လှုပ်ရှားအားကစားလေးလုပ်ပေးဖို့ပါ
ကိုယ်ကတော့ လုံးဝမလှုပ်နိုင်တဲ့အချိန်မှာတောင်အားတင်းပြီး နာရီဝက်လောက် ချွေးပြိုက်ပြိုက်ထွက်အောင်ထပြေးပစ်တာ
အဲ့ဒါကြောင့် ရောဂါအပျောက်မြန်တယ်ထင်ပါတယ်
နောက်တော့ပြေးရင်းအသက်ရှူလို့ပြန်ကောင်းလာတယ်
အဓိက ကတော့ စိတ်ဓါတ်မကျဖို့ပါ
ကိုယ်ကတော့ မိသားစုရဲ့အဝေးမှာရောက်နေတဲ့အတွက် ကိုယ့်ကိုကိုယ်အရမ်းဂရုစိုက်ပြီးလုပ်သင့်တာအကုန်လုပ်ခဲ့ပါတယ်
နောက်ဆုံးဝိတ်ကျသွားတာတော့ အမြတ်ထွက်သွားပါတယ်😊😊😊
ကိုယ်ခံအားကောင်းအောင်နေကြပါ💪💪💪
အားလုံးကပ်ရောဂါအပေါင်းမှကင်းဝေးကြပါစေ🙏🙏🙏
#mainzarni✍️