KNU တပ်မဟာ( ၁ )နှင့် တပ်မဟာ( ၂ )ဂွင်တွင်အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA တိုက်ပွဲဖြစ် စကစဘက်မှ သေဆုံးနှင့်ဒဏ်ရာရသူ ၃၀ ခန့်ရှိ
ဇူလိုင် ၁၂ ရက်နေ့ ည ၈ နာရီ အချိန် KNU သထုံခရိုင် ဘားအံမြို့နယ် တကောင်ဘိုကျေးရွာအုပ်စု မီးပုံးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLAတပ်ရင်း ( ၁ ) တစ်နာရီခန့် အပြန်အလှန်ပစ်ခတ်ကြပြီး KNLA ဘက်မှ ထိခိုက်မူမရှိဟုသိရသည်။
ယနေ့နံနက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ မီးပုံးကျေးရွာမှ ဝါးဘိုးတောလမ်းဆုံအထိလမ်းကင်းများချထားဟု သိရသည်။
တပ်မဟာ ( ၂ ) နဲ့ KNDO တပ်ခွဲ ( ၄ ) ပူးပေါင်းတိုက်ခိုက်မူကြောင့် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဖက်မှ ထိခိုက် သေဆုံး ဒဏ်ရာရ ( ၃၀ )
ခန့်ရှိတယ်လို့ သတင်းသိရသည်။
တပ်မဟာ ( ၂ ) KNLA ဘက်မှာ ထိခိုက်မူမရှိကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ သယ်ယူရေးအတွက် သုံးနေတဲ့ မြင်း ၁၄ ကောင်အားKNU တပ်မဟာ ( ၃ ) မှ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo – KAREN_ARMY
ရဲမင်း(AAC)—🚩
လွတ်မြောက်နယ်မြေ စစ်အာဏာရှင်တော်လှန်ရေး
14-7-2021