စစ်ကောင်စီလက်ထက် ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေးမှာ ကူညီနေတဲ့ပရဟိတအဖွဲ့တွေ ရှိနေသေးပေမဲ့ ခါတိုင်းလို အလှူရှင်မပေါများတာ၊ ရောဂါပိုးတွေ့သူကို စောင့်ကြည့်ကုသရေးလုပ်ဖို့ သယ်ယူပို့ဆောင်ရာမှာဖြည့်တဲ့ကားဆီဈေးနှုန်းမြှင့်တက်နေတာ၊ ကျန်းမာရေးဌာနက ကူညီနေသူတွေကို တစ်ကိုယ်သုံးအကာအကွယ်ဝတ်စုံ(PPE) ပြည့်ပြည့်စုံစုံ မထောက်ပံ့ပေးနိုင်တာစတဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်ဆိုပြီး ပရဟိတအဖွဲ့တွေက ရင်ဖွင့်ထားပါတယ်။
ကိုဗစ်တတိယလှိုင်းမှာ အောက်စီဂျင်ရရှိရေးဟာ လိုအပ်ချက်တစ်ခုဖြစ်လာနေချိန်မှာပဲ မလိုအပ်ဘဲ အောက်စီဂျင်ရယူမှု မရှိအောင်နဲ့ လိုအပ်တဲ့အစိုးရဆေးရုံတွေ၊ ကွာရန်တင်းစင်တာတွေအောက်စီဂျင်ဖြည့်ဆည်းနိုင်ဖို့ ဆိုပြီး စစ်ကောင်စီလက်အောက်က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ရန်ကုန်က အောက်စီဂျင်စက်ရုံတချို့ကို ပြင်ပလူကို မရောင်းချခိုင်းတာမျိုး ဖြစ်လာပါတယ်။
စစ်ကောင်စီလက်အောက်က ကျန်းမာရေးဌာနက ပရဟိတသမားတွေကို ပူးပေါင်း ပါဝင်လာဖို့ မေတ္တာရပ်ခံနေပေမဲ့ပရဟိတအဖွဲ့ အစည်းရုံးခန်းတွေ စီးနင်းရှာဖွေခံရတာ၊ အဖွဲ့ဝင်တချို့ ဖမ်းဆီးခံပြီး တရားရင်ဆိုင်ရတာတွေကြောင့်စစ်ကောင်စီလက်အောက် အကူအညီပေးဖို့ အဆင်မပြေဘူးဆိုပြီးအရပ်သားအစိုးရလက်ထက် တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ ပရဟိတသမားတွေက ပြောပါတယ်။
အရင်လို ပရဟိတလုပ်ငန်းတွေ ထဲထဲဝင်ဝင်မလုပ်တော့ပေမဲ့ လိုအပ်သူတွေ အောက်စီဂျင်ရအောင် အကူအညီပေးတာမျိုးတော့ ဆက်လုပ်နေဆဲလို့ တော့ သူတို့က ပြောကြပါတယ်။
ဖမ်းလိုဖမ်း နှိပ်စက်လိုနှိပ်စက် သတ်လိုသတ် လုပ်ပြီး ကိုဗစ်ကို ပြည်သူလူထု ပူးပေါင်းမှုဖြင့် ကျော်လွှားမည်ဟု စစ်ခေါင်းဆောင်ပြော
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင်း ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ တတိယ လှိုင်းကို ပြည်သူလူထု၏ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အစည်းအဝေးတွင် ပြောဆိုသည်။
၎င်းက “ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တိုင်းသူပြည်သားတွေရဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လုပ်မယ် ဆိုရင်တော့ ကျော်လွှားနိုင်မယ်လို့ ကျနော် ပြောလိုပါတယ်။ အဲဒါကို အဓိကထား ပြောလိုပါတယ်” ဟု ပြောသည်။
ဇွန်လ ၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်ပြီးယင်းအစည်းအဝေးတွင် စစ်ဘက်ဆိုင် ရာ ခေါင်းဆောင်များ အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သက်ဆိုင်ရာ ကျန်းမာရေးသင်တန်း တက်ပြီးသူများ အနေဖြင့် နီးစပ်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးအဖွဲ့များနှင့် ဆက်သွယ်ပြီး ဆောင်ရွက်ပေးရန် ကြေညာပါက ကိုဗစ် ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်း အများအပြား ရနိုင်မည်ဟုလည်း ပြောဆိုခဲ့သည်။
“နိုင်ငံတော်က ကြေညာပေးလိုက်တာ ကောင်းတယ်။ အဲဒါဆိုရင် ပိုပြီးတော့ ထိရောက်လိမ့်မယ်။ အများကြီး ရနိုင်တယ်။
မြန်မာတွေက Volunteer (စေတနာ့ဝန်ထမ်း) စိတ်ရှိပါတယ်။ သူများတိုင်းပြည်နဲ့ မတူတာက ကျနော်တို့မှာ လူမှုရေး စိတ်ရှိတယ်။ ကူကြ၊ ကယ်ကြမယ့်သူတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။
သို့သော် လက်တွေ့ မြေပြင်တွင်မူ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေသည့် ပြည်သူလူထုက စစ်ကောင်စီ၏ ကုသမှုကို မခံ ယူလိုသဖြင့် နေအိမ်တွင် မိမိအစီအစဉ်ဖြင့် ကုသခြင်းများ ရှိနေသလို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက် ထက်ကကဲ့သို့ စေတနာ့ဝန်ထမ်း အများအပြားက ပါဝင်ကူညီခြင်း၊ လုပ်ငန်းရှင်နှင့် ပြည်သူများ၏ ကူညီပံ့ပိုးပေးခြင်းများ လည်း လုံးဝ မရှိတော့သည်ကို တွေ့ရသည်။
ကိုဗစ်ကူးစက်မှု အလွန်မြင့်မားနေပြီး ကိုဗစ်သံသယဖြင့် နေ့စဉ် သေဆုံးမှု ရှိနေသည့် ကလေးမြို့၌ပင် စစ်ကောင်စီကို အယုံ အကြည် မရှိသဖြင့်၎င်းတို့၏ Quarantine စင်တာများသို့ သွားရောက် ကုသမှုမပြုသလို စစ်ကောင်စီအား လှူဒါန်း ပံ့ပိုး ခြင်းမရှိဘဲ ကိုယ်ထူကိုယ်ထ အစီအစဉ်များဖြင့် ရောဂါကုသမှုများ ပြုလုပ်နေကြသည်ဟု ကလေးမြို့ခံ တဦးက ပြောသည်။
၎င်းက “NLD လက်ထက်တုန်းကဆို ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ လှူတာတွေ တော်တော်များတယ်။ တမြို့လုံး အတိုင်းအ တာနဲ့ ဝိုင်းလှူကြတယ်။
အခုကျတော့ မလှူရဲကြတော့ဘူး။ လှူတဲ့သူ မရှိဘူးလားဆို ရှိတော့ရှိတယ်။ လူနည်းစုလေးပဲ လှူ ကြတယ်။
စစ်တပ်က လောလောဆယ်မှာ ကိုင်နေတော့ မယုံရဲတာပေါ့။ အလှူငွေတွေများ ဘုန်းသွားမလားဆိုပြီး သံသယ စိတ်တွေနဲ့ မလှူရဲကြဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှု အလွန်မြင့်တက်လာနေသည့် တတိယလှိုင်း ကာလအတွင်း ကျန်းမာရေးယန္တရား ပျက် သုဉ်းနေသဖြင့် ဆရာဝန်၊ သူနာပြုများ လုံလောက်မှု မရှိခြင်း၊ ဆေးဝါးမလုံလောက်ခြင်း၊ အောက်ဆီဂျင် မလုံလောက်ခြင်း၊ Quarantine စင်တာများ ချို့တဲ့အားနည်းခြင်းများကိုပါ တပြိုင်တည်း ကြုံတွေ့နေရသည်။
စစ်ကောင်စီကမူ လက်တလော မြင့်တက်လာသည့် ကိုဗစ်ကုသရေးအတွက် ဆရာဝန်များကို ကန်ထရိုက် စနစ်ဖြင့် ခန့် ထားမည်ဖြစ်ပြီး တပ်မတော်မှ ဆေးတပ်ကြပ်များ အသုံးပြုရန်နှင့် အသွားအလာ ကန့်သတ် စောင့်ကြည့်ရမည့် သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရန် တပ်ရင်းတပ်ဖွဲ့များကိုလည်း အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကျနော်တို့ဆီမှာ ဆေးတပ်ကြပ်တွေ ရှိတယ်။ Medical Corporal တွေ Medical Sergeant တွေ ရှိတယ်။
သူတို့လည်း သုံးလို့ရတယ်။ အနည်းဆုံးတော့ Third Grade တက်ပြီးသားတွေ၊ အနည်းဆုံးတော့ ဆေးထိုးပေးလို့ရတယ်ဗျာ” ဟု ပြောသည်။
ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ရုရှားတွင် ကာကွယ်ရေးဝန်ကြီး၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်များ နှင့် တွေ့ဆုံကာ ကိုဗစ်ကာကွယ်ဆေး ၂ သန်း လိုအပ်ကြောင်း ပြောကြားခဲ့ပြီး သဘောတူညီမှု ရရှိခဲ့သော်လည်း ယခုလ အတွင်း သောင်းဂဏန်းခန့်သာ ရောက်ရှိနိုင်မည်ဟု ဆိုသည်။
“၂ သန်း လိုချင်တယ်ပြောတော့ ရမယ်တဲ့။ သူတို့မှာ အခက်အခဲက ဘာလဲဆိုတော့ သူတို့ရဲ့ ထုတ်နိုင်တဲ့ Capacity က အများကြီး မရှိဘူး။ ခွဲခွဲပြီး ပို့နေရတာ။ မရတော့ မဟုတ်ဘူး။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ရုရှားခရီးစဉ်က ပြန်လာပြီး လူမြင်ကွင်းမှ ရက်အတန်ကြာပျောက်နေရာမှ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ကိုဗစ်ရောဂါ၊ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်ခဲ့ခြင်းဖြစ်သည်။
မေလ ၂၇ ရက်မှ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ အနက် ၂၉၆ မြို့နယ်တွင် ကိုဗစ်ဖြစ်ပွားမှုများ ရှိနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဇွန်လ ၂၈ ရက်နေ့မှ စတင်ကာ ပိုးတွေ့ရှိသူ ၁,၀၀၀ အထက်သို့ ရောက်ရှိလာရာမှ ယမန်နေ့ည ထုတ်ပြန်ချက်အရ ၄,၃၂၀ ဦးအထိ အမြင့်ဆုံး အခြေအနေ သို့ ရောက်ရှိလာသည်။
ထို့ပြင် သေဆုံးမှု ကိန်းဂဏန်းသည်လည်း ဇွန်လ ၂၈ ရက်နေ့မှ စတင်ကာ ၁၀ ဦးအထက်တွင် နေ့စဉ် သေဆုံးလာရာမှ ဇူလိုင် ၆ နေ့တွင် ၅၂ ဦးအထိ မြင့်တက်လာပြီး ယမန်နေ့ ထုတ်ပြန်ချက်အရ ၆၄ ဦးအထိ သေဆုံးမှု ရှိလာသည်။
ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့ရှိသူ ၄ သောင်းကျော်ရှိနေပြီး သေဆုံးသူ ၄၆၉ ဦးအထိ ရှိပြီ ဖြစ်သည်။